မှိန်ပြပြမီးရောင်ဝါကျဥ့်ကျဥ့်လေးသာရှိသောအခန်းလေးတစ်ခု တစ်နည်းအားဖြင့်မောင်နှင့်ခေတ်တို့၏ရိပ်မြုံလေးပေါ့
ထိုအခန်းလေးထဲဝယ် ခံစားချက်တွေကိုပူပူလောလောဝန်ခံထားတဲ့ကောင်လေးရယ် အရှက်သည်းနေသောကောင်လေးရယ်ဟာ မျက်နှာချင်းမဆိုင်ရဲကြစွာ ကုတင်လေးထက်လဲလျောင်းနေကြလေရဲ့။မောင်ကသူ့အားကျောပေးထားသောခေတ်ကိုယ် လုံးလုံးတုတ်တုတ်လေးအားနောက်မှသိုင်းဖက်ကာ ပုခုံးကြားလေးထဲမေးလေးတင်မှီထားရင်း အိပ်ရန်ပြင်နေကြလေသည်။
"ခေတ် "
"ဟင်"
"ရှက်နေသေးတာလား"
"မဟုတ်ပါဘူးဗျား"
"ဒါဆိုဘာလို့ကျွန်တော့်ဘက်မလှည့်တာလဲ"
"ဒီတိုင်းပါပဲ မောင်ကငါ့ကိုအတင်းချုပ်ဖက်ထားတာကိုး"
ခေတ်ကမောင့်လက်လေးအားလက်ဖြင့်တို့ကာတွန်းကာနှင့်ပြောတော့မောင်ကခပ်တိုးတိုးရယ်လေသည်။တကယ်ကသူဖက်ထားတာဖွဖွလေးရယ်ပါ။ခေတ်တစ်ယောက်အရှက်သည်းနေခြင်းသာ။
"ဟုတ်ပါပြီဗျာ ဒါဆိုအိပ်မပျော်သေးရင်
ကျွန်တော်ပြောတာတွေနားထောင်မလား""အင်း"
"ကျွန်တော်တကယ်တော့ဖေဖေ့တို့ကိုနားလည်ပေးဖို့ကြိုးစားခဲ့ဖူးတယ်သိလား။ကျွန်တော်နဲ့မေမေ့ကိုကွဲအောင်လုပ်ခဲ့တဲ့ ရှင်းလျှန်တို့သားအမိကိုတကယ်သဘောမကျတာမှန်တယ်။ဒါပေမဲ့မမုန်းခဲ့ဖူးဘူးသိလား။ကျွန်တော်နားလည်ပေးဖို့လည်းကြိုးစားဖူးတယ်။ဒါပေမဲ့ ခေတ်သိလား သူတို့ကိုနားလည်ပေးဖို့သူတို့နဲ့နီးစပ်စေဖို့ကြားထဲမှာမေ့လို့မရတဲ့မဖြစ်အပျက်တစ်ခုကခံနေတယ်။"
မောင်ကစကားလည်းပြောရင်းငြိမ်ကာနားထောင်နေသောခေတ်ကိုယ်လုံးလေးကိုလည်းပိုတိုး၍ဖက်လိုက်သေးသည်။
"အယ့်တုန်းကလေ ကျွန်တော်နဲ့ရှင်းလျှန်တို့ကျောင်းကပြန်တော့ ဖမ်းခေါ်ခံရတာ။ဖေဖေ့ရဲ့အလုပ်ကလူလာကြိုတာဆိုပြီး ခေါ်သွားခဲ့တာ။တကယ်ကကျွန်တော်တို့ကိုပြန်ပေးဆွဲကြတာ။အယ့်တုန်းကပေါ့ ဖမ်းတဲ့လူကြီးကဖေဖေတို့ကိုဖုန်းဆက်ပြီးပြောတယ် ခဗျားသားနှစ်ယောက်ကိုလိုချင်ရင်တစ်ယောက်ကိုသိန်းတစ်ထောင်နဲ့ရွေးပါတဲ့။ ခေတ်စဥ်းစားကြည့် သိန်းတစ်ထောင်ဆိုတာနဲတဲ့ပမာဏမှမဟုတ်တာ။နှစ်ယောက်ဆိုနှစ်ထောင်ပေါ့။အယ့်လူကြီးကဘာဆက်ပြောလဲသိလား နှစ်ယောက်လုံးမရွေးနိုင်ရင်တစ်ယောက်ကိုအရင်ရွေးတဲ့။နောက်တစ်ယောက်ကိုတော့သူတို့ဆီမှာငွေရတဲ့အထိထားပေါ့တဲ့။ဘယ်လောက်တောင်အဓိပ္ပါယ်မရှိလိုက်လဲ။"
YOU ARE READING
မေတ္တာရိပ်မြုံလေးထဲဝယ်မောင်နဲ့ငါ (𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅)