နေမင်းရဲ့အလင်းရောင်ခြည်လေးသည် သြကာသလောကကို အလင်းဆောင်ချိန်တွင်တစ်စုံတစ်ရာသော အရာလေးတစ်ခုသည် အိပ်ရာထက်လူးလူးလွန့်လွန့်လေးဖြစ်နေလေပြီ။ ထိုအရာလေးကတော့ မနက်ခင်း၆နာရီဆိုတာနဲ့ နှိုးစက်မကူ၊ လူမကူနဲ့ နှိုးစရာမလိုဘဲနိုးတက်သူ ခေတ်နဲ့မောင်ရဲ့အလယ်က ရွှေဘူဘူးပင်။
နိုးတာနဲ့ မျက်လုံးနှစ်လုံးကိုဖွင့်လိုက်ရင်း ပက်လက်အနေအထားကနေ မှောက်ယက်လေးဖြစ်အောင် ကစ်တုတ်နေသော သူ့ခန္ဓာကိုယ်ကိုလှိမ့်ချလိုက်သည်။ လှိမ့်ချပြီးမှောက်ယက်ဖြစ်သွားတာနဲ့ ကစ်တုတ်နေသော သူ့လက်ဖူးဖူးဖောင်းဖောင်းလေးတွေကိုအားပြုရင်း လုံးဝန်းနေသောခေါင်းကို ဆက်ကနဲထောင်လိုက်သည်။ ထို့နောက်ဖင်လေးလှူပ်လှုပ် လှုပ်လှုပ်နဲ့တီကောင်သွားသွားကာ အိပ်ပျော်နေသော ခေတ်ဘေးသို့တဖြည်းဖြည်းလှိမ့်ကပ်သွား၏။ ၆လသားအရွယ်လေးမို့ အမောင်ရွှေဘူဘူးလေးသည် လေးဖက်ကုန်းချင်နေလေပြီ။ သို့သော် သာမာန်ကလေးထက် ပို၍ကစ်တုတ်နေသော သူ့ခန္ဓာကိုယ်သူ မနိုင်တာကြောင့် လေးဖက်ကုန်းသွားနိုင်ဖို့တော့ တော်တော်လေးကြာဦးမည်ထင်။
"ဖက်!"
"အ့!"
ရွှေဘူဘူး၏ ကစ်တုတ်နေသော ခြေထောက်နီတာရဲလေးများသည် ခေတ်နဲ့သူ့အနားသို့ကပ်အိပ်နေသော မောင့်မေးစေ့ထံလှမ်းကန်လိုက်သည်ကြောင့် မောင့်မှာနာနာကျင်ကျင်နဲ့ "အ့"ကနဲအော်ကာနိုးလာရသည်။
"ရွှေဘူး မင်း!"
အားအပြည့်နဲ့ တုတ်ခိုင်လှသော ခြေထောက်တွေရဲ့ကန်ချက်ကြောင့် မောင်နိုးလာတော့ မျက်စိရှေ့က အဘူးကောင်လေးသည် တခစ်ခစ်နဲ့ရယ်နေလေသည်။ ဒါဒင်းသက်သက်လုပ်တာ။ မိုးလင်းတိုင်းသူ့မျက်စိနှစ်လုံးပွင့်တာနဲ့ ဘေးနားမှာအိပ်နေတဲ့သူ့ဖအေကိုဘယ်တော့မှ မနှိုး မောင့်ကိုသာ မှီရာမေးစေ့ကို သူ့ခြေထောက်ကစ်ကစ်သေးသေးလေးတွေနဲ့ကန်နှိုးတက်သည်။
"ဘာလဲ ဘာလဲ ငါအိပ်နေတယ်လေ။ မင်းကစိတ်ပုတ်လှချည်လား။ တစ်နေ့လုံးတော့ မင်းအဖေနဲ့ပဲနေပြီး အီးပါ ရှူးပေါက်တော့ ငါ့ပေါ်ပါတယ်၊ပေါက်တယ်။ ဟင်...မိုးလင်းနှိုးတော့လည်း ငါ့ပဲ၊ ညကျ နို့ဆာတော့လည်း ငါ့ပဲ မင်းနော် မင်း မင်း!"
YOU ARE READING
မေတ္တာရိပ်မြုံလေးထဲဝယ်မောင်နဲ့ငါ (𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅)