ခေတ်တစ်ယောက်ရေချိုးပြီးထွက်လာတော့ကုတင်ပေါ်မှာအနွေးထည်ကြီးကိုင်ကာထိုင်စောင့်နေသောမောင်
"ခေတ် လာ"
မောင်ခေါ်တဲ့အနားကိုသွားလိုက်တော့သူ့အားထိုအနွေးထည်အထူကြီးကိုဝတ်ပေးလေသည်
"ချမ်းတယ်မလား"
"ချမ်းတာပေါ့ကွ"
"ချမ်းပေမယ့်လည်းချိုးလိုက်တာကောင်းပါတယ် အနွေးထည်လေးဝတ်ထားနော်"
"အင်း"
"အိပ်ရအောင်လေ"
"အင်း"
"တအင်းအင်းနဲ့ ခေတ်ကလည်း"
"ဟောဗျာ ငါကအင်းလို့မပြောလို့ဘယ်လိုပြောရမှာလဲကွ"
"ဟုတ်ပါပြီ လာ အိပ်တော့"
ခေတ်တစ်ယောက်မောင့်ကိုမျက်လုံးလေးထောင့်ကပ်ကြည့်ကာ ကုတင်ပေါ်သို့လှဲချလိုက်သည် မောင့်ကလည်းသူ့နေရာဖြစ်တဲ့ခေတ်ဘေးမှာဝင်လှဲလေရဲ့
"ခေတ်"
"ဟင်"
"ကျွန်တော့်ဘက်လှည့်အိပ်"
သူ့ဘက်လှည့်အိပ်ရန်ပြောလာသောမောင့်ကို ခေတ်မှာဘာကြောင့် ဘာရယ်မေးမနေဘဲမောင့်ဘက်သို့လှည့်အိပ်လိုက်လေသည်
"ကျွန်တော့်ကိုထားသွားလို့မဖြစ်ဘူးနော်"
"အင်းပါမောင်ရ မင်းကိုထားခဲ့ပြီးရင်လည်းငါ့မှာသွားစရာမရှိဘူးဗျား"
မောင့်အား မျက်ခုံးလေးပင့်ကာအားရပါးရပြောလေသောခေတ်ပုံလေးကြောင့်မောင်ရယ်လိုက်မိသည်
"ခဗျားမျက်လုံးလေးတွေကိုကိုင်လို့ရလား"
"အင်း"
ခေတ်ကခွင့်ပြုတော့မောင့်လက်ကလေးတွေဟာ ခေတ်မျက်လုံးဝိုင်းဝိုင်းလေးတွေထက်ပြေးလွှားလေသည်
"ဒီတိုင်းလေးကိုင်အိပ်မယ်နော်"
"အင်း"
မောင့်ရဲ့လက်ကလေးတွေရဲ့လှုပ်ရှားမှုကိုငြိမ်ခံရင်းခေတ်လည်းအိပ်မောကြရန် စိတ်ကိုလွှတ်ချလိုက်သည်။
YOU ARE READING
မေတ္တာရိပ်မြုံလေးထဲဝယ်မောင်နဲ့ငါ (𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅)