မုန်တိုင်းပြီးသော် လေပြည်လေညှင်းလာတက်၏။
အမှောင်ထုပြီးသော် အလင်းလာတက်၏တဲ့။သို့သော် ထွက်ခွာသွားသော ခေတ်ကို ရှာပုံတော်ဖွင့်နေသော မောင်ဟာ အလင်းဆိုတဲ့အရာကို ခုထိမမြင်နိုင်သေးသလို လေပြည်လေညှင်းကိုလည်း ခံစားလို့မရနိုင်သေးပါလေ။
ခေတ်ထွက်သွားပြီးတဲ့ နောက်နေ့မှစပြီး မောင်နဲ့ရှင်းလျှန်တို့ နေ့နေ့ညည ကားဝင်းဂိတ်ကြီးမှာ ငုတ်တုတ်လေးတွေထိုင်လို့ခေတ်စီးသွားတဲ့ကားလေးကိုရှာနေခဲ့သည်မှာ ၂ရက်တိတိရှိခဲ့ပြီ။ သူတို့အဖြစ်က "ရှာပုံတော်မင်းသားကြီး မဏ္ဏာပ်တကာရောက်ခဲ့ပြီ ဘယ်အရပ်သူ ဇာတိမှန်းလည်းမသိတော့အခက်တွေ့ပြီ" ဆိုသလိုပင် ခေတ်ရှိရာသည် ဘယ်အရပ် ဘယ်ဇာတိမှန်းမသိတာကြောင့် နှစ်ယောက်သားသိပ်ကိုအခက်တွေ့နေကြသည်။
မောင့်မှာလည်း နှစ်ရက်အတွင်းမှာပင် ချက်ချင်းဆိုသလို ပိန်ချုံပါးလှပ်လာကာ မျက်တွင်းမျက်စံတွေပင် ချောင်ကြသွားသလို။ သေချာသည်ကတော့ ဒီနှစ်ရက်အတွင်းလုံး ထိုကောင်လေး ထမင်းတစ်လုပ်တောင်မစားသလို တစ်ရေးတောင်မအိပ်ဘူးဆိုတာပင်။
"ရှန်း!"
"ဟင်"
နှစ်ယောက်သား လက်မှတ်ဖြတ်တဲ့ရုံအနားထိုင်နေကြစဥ် မောင့်ဘေးမှ ရှင်းလျှန်၏"ရှန်း"ဆိုသောရေရွတ်သံကြောင့် ရှင်းလျှန်စူးစိုက်ကြည့်နေရာနေရာသို့ မောင်လည်းလိုက်ကြည့်မိသည်။
တွေ့လိုက်သည်ကတော့ ခရီးကားတစ်စီးပေါ်တက်ရန်အထုပ်လေးတွေတင်နေသော ခေတ်၏ဆရာပင်။ သူ့သမီးဆိုသော ကလေးငယ်လေးကို လက်ဆွဲလို့ ကားပေါ်တက်သွားလေရဲ့။ ကြည့်ရသည်မှာ ပိန်ကပ်ကပ်နှင့် အရင်ထက်ပင်ဖြူဖျော့နေသလို။
"သူ သူသိလောက်တယ်မလား။ ခေတ်ကသူ့ကိုသိပ်ခင်တာပဲဟာ။ မင်းနဲ့လည်းရင်းနှီးတယ်မလား။ သူ့ကိုမေးရအောင် ရှင်းလျှန်"
မောင်သူဘေးမှ ရှင်းလျှန်၏လက်မောင်းကိုလှုပ်ကာ ပြောနေသော်လည်း ရှင်းလျှန်ကတော့ ငူငူငိုင်ငိုင်သာ။
YOU ARE READING
မေတ္တာရိပ်မြုံလေးထဲဝယ်မောင်နဲ့ငါ (𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅)