"မောင် တကယ်မဆင်းဘူးလား"
"မဆင်းဘူးခေတ်ရာ"
"အောက်ထပ်လေးတင်လေးကွာ ထမင်းလေးတူတူစားရုံကို ခါတိုင်းလည်းညစာတူတူစားနေကြပဲဟာ"
"မသိဘူးခေတ်ရာ သူတို့တွေပျော်နေကြမှာ သူတို့မိသားစုကိစ္စတွေဝင်မပါချင်ဘူး"
"မောင်ကလည်းကွာ ကလေးကြီးကျလို့"
ခေတ်တစ်ယောက်မောင့်ကိုမျက်လုံးလေးစောင်ကာမျက်မှောင်ကျုံ့၍ကြည့်လိုက်လေသည်။ဒီနေ့တီမေ့မွေးနေ့မို့ညစာတူတူစားကြရန်ခေါ်နေသည်ကိုဇွတ်ငြင်းနေသောကောင်ဆိုးလေးပင်။
"တကယ်မဆင်းဘူးလား"
"မဆင်းချင်ဘူးခေတ်ရာ"
"အေးလေ ဒါဖြင့်လည်းရတယ်ဗျား ငါပဲဆင်းပြီးရှင်းလျှန်လေးနဲ့ဆရာနဲ့ပျော်စရာအချိန်တွေကိုကုန်ခဲ့လိုက်ဦးမယ်ဗျား မောင်နေခဲ့တော့"
မျက်ခုံးလေးပင့်ကာပြောပြီးအခန်းထဲကနေလှစ်ခနဲဆိုသလိုပြေးထွက်သွားသောလုံးတုံးလုံးတုံးလူသားကိုကြည့်ကာ မောင်တစ်ယောက်စိတ်ရှုပ်စွာသက်ပြင်းချလိုက်လေသည်။
"သူတို့နဲ့ပေါင်းတာ မကြိုက်တာကိုသိရဲ့သားနဲ့ကွာ"
ဆံပင်တွေဖွကာရေရွတ်ရင်း ခပ်လေးလေးခြေလှမ်းတွေနဲ့အောက်သို့ဆင်းသွားလိုက်သည်။ဒေါ်မေမိုးပြည့်၏မွေးနေ့ဆိုတစ်ခါမှမပါဝင်ခဲ့ဖူးသောမောင်သည်ဒီနေ့တွင်တော့တစ်စုံတစ်ယောက်သောသူကြောင့်ပါဝင်ရတော့ပေမည်။
အောက်ရောက်တော့ခြံထဲမှပွစိပွစိအသံလေးတွေနဲ့အတူ လှပသောကြည်နူးဖွယ်ညစာစားပွဲလေးကကြိုဆိုနေလေသည်။
"ဟက်"
မောင်တစ်ယောက်ခနဲ့စွာပြုံးလိုက်လေသည်။သူ့မိခင်ဖြစ်သူ၏မွေးနေ့ကျတော့ဘယ်နေ့မှန်းတောင်မသိသောဖခင်ဖြစ်သူသည် ထိုအမျိုးသမီးအတွက်ကျတော့သည်လိုညစာစားပွဲမျိုးကိုပါကျင်းပပေးလို့ကိုယ်တိုင်မီးဖိုချောင်ထဲထိဝင်ကြီးကြပ်နေလေရဲ့။သိပ်ကိုတရားနေလိုက်တာ။
YOU ARE READING
မေတ္တာရိပ်မြုံလေးထဲဝယ်မောင်နဲ့ငါ (𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅)