"သားခေတ်ပြီးပြီလား"
ညနေပါတီတက်ရန်အချိန်နီးနေတာကြောင့် ဒေါ်မေမိုးပြည့်အပေါ်သို့တက်ကာ ခေတ်အခန်းတံခါးကိုခေါက်လိုက်တော့အခန်းထဲမှ"လာပြီတီမေ လာပြီ"ဆိုသောခေတ်၏အလောတကြီးအသံလေးကိုကြားရလေသည်.....
ထို့နောက်ပွင့်လာသောတံခါးနောက်မှာ ထွက်လာသောအကောင်ပုပုလေး
"ဟော့တော်!"
ခေတ်၏ပုံစံလေးကိုကြည့်ကာ ဒေါ်မေမိုးပြည့်ရယ်လျက် အာမေဋိတ်သံပင်ထွက်ရလေသည်....
"သားခေတ် ဘယ်လိုတွေဝတ်ထားတာလဲကွယ်"
ခေတ်ပုံစံကိုကြည့်ကာသူမတအံ့တသြပြောမိသည် သူမပြောလည်းပြောချင်စရာပင် ခေတ်သည် အနောက်တိုင်းဝတ်စုံကို အပေါ်ကတော့ကုတ်နဲ့ဘာနဲ့ဝတ်ထားပါရဲ့ အောက်ကတော့ပုဆိုးကိုရင်ခေါင်းစည်း၍သူ့စတိုင်လ်နှင့်သူ ခေတ်ပုံစံကသူကြီးသားတောဂေါ်လီလေးအတိုင်းပင်
"ဘောင်းဘီကြီးကမဝတ်တက်လို့တီမေရ ထုပ်တုတ်တုတ်ကြီးဖြစ်နေလို့ဗျား အယ့်တာနဲ့ပုဆိုးလေးနဲ့ပဲ"ဟုပြောကာပုဆိုးကိုဆွဲဆန့်ရင်းပြောလာလေသောခေတ်
"ထုပ်တာမဟုတ်ပါဘူးသားခေတ်ရယ် fitဖြစ်တာပါ"
"ဖစ်?"
"ဪ..ကွက်တိကိုပြောတာပါကွယ် သားခေတ်ကကျပ်တယ်ထင်လို့ပါ အယ့်ဘောင်းဘီတွေကအယ့်လိုပဲဝတ်ရတာသားခေတ်ရဲ့ ခဏပါပဲ သည်းခံပြီးဝတ်လိုက်နော်"ဒေါ်မေမိုးပြည့်က ခေတ်ကိုအခန်းထဲပြန်တွန်းပို့ကာဘောင်းဘီအတင်းဝတ်ခိုင်းတော့အင်တင်တင်လေးလုပ်လျက်
"ဟုတ်ကဲ့ပါတီမေ ကျွန်တော်လဲလိုက်ပါမယ်" ဟုဆိုကာအခန်းထဲပြန်ဝင်သွားလေရဲ့
"အေးအေး တီမေစောင့်နေမယ်နော်"
"ဟုတ်"
"ဟားဟား..."
ဒေါ်မေမိုးပြည့်ခေတ်ပုံလေးကိုကြည့်ကာရယ်မိလေရဲ့ သူမစကားကိုမလွန်ဆန်ရဲလို့သာ သွားလဲရပုံပေါ်သည် အင်တင်တင်လေးနှင့်လုပ်သွားပုံကတကယ်ကိုအသည်းယားဖို့ကောင်းလှသည်......
YOU ARE READING
မေတ္တာရိပ်မြုံလေးထဲဝယ်မောင်နဲ့ငါ (𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅)