Part 14

24.1K 2.6K 234
                                    

​ခေတ်နှင့်​​ဒေါ်​မေမိုးပြည့်တို့အိမ်ပြန်​ရောက်​တော့​ မောင်တို့လည်းအလုပ်ကပြန်​ရောက်ချိန်​နီးနေပြီမို့ ​ခေတ်ကိုအဝတ်အစား​တွေဗီဒိုထဲသိမ်း​ပေးကာ သူမလည်းကိုယ့်အခန်းကိုယ်သာပြန်ခဲ့လိုက်သည်။

​ခေတ်က​တော့အိပ်ရာ​ပေါ်မှာ​ခြေပစ်လက်ပစ်နဲ့အ​မော​ဖြေ​နေ​လေရဲ့​ပေါ့

"​ခေတ်​ရေ ​ခေတ်"

​မောင်တစ်​ယောက်အိမ်ပြန်​ရောက်တာနဲ့ပထမဆုံးလုပ်တဲ့အလုပ်က​တော့​ခေတ်ရဲ့နာမည်ကို​ခေါ်ခြင်းပင်

အခန်းထဲမ​ရောက်​သေးခင်တည်းကကြို​ခေါ်တက်တာအကျင့်လိုဖြစ်​နေပြီမို့​လှေကား​တစ်ဝက်​လောက်ကတည်းက​ခေါ်​နေ​လေသည်။

​​ခေတ်ရဲ့အသံမကြားရတာမို့​ခြေလှမ်း​တွေပိုမြန်ကာအခန်းထဲဝင်လိုက်​တော့ ရှင်ဘုရင်​လေးကကုတင်​ပေါ်မှာဆန့်ဆန့်ကြီးအိပ်​ပျော်​နေ​လေရဲ့

"​ခေတ်!"

"ဗျား!"

သူ့နာမည်ကိုအကျယ်ကြီး​အော်​ခေါ်​တော့အကျယ်ကြီးပြန်ထူးကာငုတ်တုပ်​လေးထထိုင်​လေသည်

"ဟားဟား ကျွန်​​တော်ပါခေတ်ရယ်"

"လန့်သွားတာပဲ​မောင်ရာ တကယ်ပါပဲကွာ"

"လန့်သွားတာလား ဟားဟား ထ​တော့​​နော်​ခေတ် ​အောက်မှာဧည့်သည်ပါတယ် ​ခေတ်ကကျွန်​တော့်အမျိုးသား​နေရာက​နေလိုက်​တွေ့​ပေးဦး​နော်"

"အင်းပါ"

​ခေတ်တစ်​ယောက်အိပ်ရာက​နေထကာအကျီ​တွေဘာ​တွေဆွဲဆန့်ပြီးစားပွဲ​ပေါ်ကစာအုပ်က​လေး​တွေမြင်​တော့စိတ်ကစာသင်တဲ့ဆီ​ရောက်သွားပြန်သည်

" ဒါနဲ့​လေ ​မောင် ငါ့ကိုဘယ်​တော့စာပြန်သင်​ပေးမှာလဲကွ ငါစာမသင်ရတာကြာပြီဗျား"

"သင်​ပေးပါမယ်​ခေတ်ရယ် ခုမအား​သေးလို့ပါ သင်​ပေးမယ်​နော် ​လော​လောဆယ်​တော့​အောက်ခဏလိုက်ခဲ့ဦး"

"​အင်းပါကွ လာသွားမယ်"

"အင်း"

​မောင် ​ခေတ်လက်ကိုတွဲကာ​အောက်သို့ဆင်းသွား​လေသည်။​ခေတ်က​တော့သူ့လက်ကိုကိုင်ထားတဲ့​မောင့်လက်ရဲ့​နွေး​ထွေးမှု​ကြောင့်ရင်ခုန်သံ​တွေမြန်​နေ​လေရဲ့

​မေတ္တာရိပ်မြုံ​လေးထဲဝယ်​မောင်နဲ့ငါ (𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅)Where stories live. Discover now