မောင်တစ်ယောက်အိပ်ရာနိုးတာနဲ့အိမ်နှင့်တွဲလျက်ဆိုင်ထဲမှကြားရသောခြေသံတရှပ်ရှပ်ကြောင့်ပြုံးလိုက်မိ၏....
စိတ်ထဲမှလည်းအလုပ်ကြိုးစားသောခေတ်ကိုကြိတ်ကာအမှတ်ပေးလိုက်၏....
ရေချိုးမျက်နှာသစ်ပြီးတော့မီးဖိုခန်းမှမွှေးကြူသောဟင်းအနံ့လေးတွေကဆွဲဆောင်နေလေသည်....
"ကိုခေတ်"
"ဗျာ မောင်"
"ဟင်းချက်နေတာလား"
"အင်း...ဒီနေ့ကစပြီးငါချက်ကျွေးမယ်လေမောင်..."
"အင်းလေ...ဒါဆိုလည်းအဆင်ပြေတာပေါ့...ခဗျားကမီးဖိုတော့ကိုင်တက်တယ်လား...."
"ကိုင်တက်တာပေါ့မောင်ရ ငါ့ဘကြီးတို့ကရွာမှာနဲနဲချမ်းသာတယ်လေကွ သူတို့အိမ်မှာဒါမျိုးလျှပ်စစ်မီးဖိုရှိတော့ငါကသူတို့ချက်ရင်ကြည့်ထားတာကွ"
"အင်းပါပြီးရော.."
"ဟင်းစားတွေရောဘယ်ကရလဲ"
"ဟိုမှာလေ..ဟိုအေးတဲ့အငွေ့တွေထွက်နေတဲ့နေရာက..."ဟုပြောကာရေခဲသေတ္တာကိုလက်ညှိုးထိုးနေသောထိုလူသား.....
မောင်တစ်ယောက်ခေတ်ပြရာကိုကြည့်လိုက်တော့အဖုံးဖွင့်ထားသောရေခဲသေတ္တာကြီးကိုတွေ့လေသည်....
"အယ့်တာဘာခေါ်လဲမောင်...အယ့်ထဲကိုအငွေ့တွေဝင်နေလို့မြန်မြန်ထွက်အောင်ငါတံခါးဖွင့်ထားတယ်"
မောင်မျက်လုံးပြူးကာအလျင်အမြန်ပင်ရေခဲသေတ္တာနားသွားကာတံခါးပိတ်လိုက်သည်.......
"ခဗျားဗျာ...အယ့်တာအငွေ့တွေမဟုတ်ဘူးဗျ...ပြီးတော့အယ့်လိုဖွင့်မထားရဘူးဗျ....ကျစ်...ထားပါဗျာ..နောက်ယူစရာရှိတာယူပြီးရင်ပြန်ပိတ်ကြားလား...အယ့်တာရေခဲသေတ္တာလို့ခေါ်တယ်...အစားအသောက်တွေအေးအောင်ထည့်ထားရတာ"
သူပြောတော့လည်းမျက်နှာငယ်လေးနဲ့ခေါင်းငြိမ့်ရှာသည်....
"မောင်အိမ်ရှေ့မှာစောင့်နေလေ...ငါကျက်ရင်ခေါ်လိုက်မယ်ဗျာ..၇နာရီခွဲပဲရှိပါသေးတယ်...ဆိုင်က၉နာရီခွဲမှဖွင့်မှာမလား"
YOU ARE READING
မေတ္တာရိပ်မြုံလေးထဲဝယ်မောင်နဲ့ငါ (𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅)