"ခေတ် ရော့ဒါဝတ်"
"ဘူးလေးက ဒါဝတ်။ ဖေကြီးနဲ့ဆင်တူအောင် နော်"
မောင်တစ်ယောက်တည်း ဗီရိုနားတွင် အဝတ်တွေကို ထုတ်လိုက်သွတ်လိုက်နှင့်အလုပ်ရှုပ်နေခဲ့သည်။ ဒီနေ့ ချစ်ရသောခေတ်ခေတ်နှင့် အဘူးပေါက်တို့ကို အလုပ်ခေါ်သွားမည်မို့ သင့်တင့်သော အနောက်တိုင်းဝတ်စုံလေးတွေရွေးပေးနေခြင်းပင်။
သူ့အတွက်ကတော့ ဖြူသော အသားအရည်နှင့်လိုက်ဖက်အောင် မိုးပြာရောင်Suitကိုထုတ်ထားပြီး ဘူဘူးကိုလည်း သူနဲ့ဆင်တူအနောက်တိုင်းဝတ်စုံသေးသေးလေး ထုတ်ပေးလိုက်သည်။ ခေတ်အတွက်ကတော့ ခေတ်ရဲ့ဆွဲဆောင်မှုရှိလှသော ချောကလက်နုရောင်အသားအရည်လေးနှင့်လိုက်ဖက်အောင် အညိုနုရောင်လေး ထုတ်ပေးလိုက်သည်။ သူတို့အချင်းချင်းတော့ အရောင်တွေသိပ်မလိုက်ပင်မဲ့ လူနဲ့လိုက်ဖို့ကအဓိကပဲမလား။
"လာ လဲကြတော့ဆို မိန့်မိန့်လေးတွေထိုင်မနေကြနဲ့"
မောင်က အလောတကြီးအော်ပြောလိုက်တော့မှ ကုတင်ပေါ်မှ ဆံကောက်လေးနှစ်ယောက်မှာ လိမ့်ဆင်းလာကာ သူတို့ဝတ်စုံလေးတွေကိုယူဝတ်ကြလေသည်။
အားလုံးအပြီးအစီးမှာတော့ မောင်နဲ့ခေတ်က ဝတ်စုံလေးတွေနဲ့ အံဝင်ခွင်ကျဖြစ်သွားပေမယ့် ရွှေဘူးလေးကတော့ မျက်နှာလေးစူပုတ်လို့ အခက်ကြုံနေလေရဲ့။
"ဖေ့ တားဖင်ကြီးကကြီးနေလယ်ရယ်"
ဗိုက်ကလေးကပူကာ ဖင်လေးကကကောက်နေတော့ ဘောင်းဘီဇစ်ဆွဲမရတာကြောင့် သူ့ဖင်လေးသူလက်ဖောင်းဖောင်းလေးတွေနဲ့ထိုးထည့်ရင်းပြောလာလေသည်။ သူ့ကိုယ်သူလည်း သားလို့သုံးနှုန်းနေသည်မို့ ဘူဘူးလေးစိတ်မပျော်တော့မှန်းသိသာလှသည်။
ခေတ်နဲ့မောင်နဲ့ဘူဘူးနားသို့အပြေးသွားကာ ချော့မော့ရင်း ခေတ်ကဘူဘူးဗိုက်လေးကို အထဲသို့တွန်းကာ မောင်ကဇစ်ကိုဆွဲတော့လည်းမရ။ မတော်လို့ ရွှေခေါင်းလောင်းသေးသေးလေးညပ်သွားမှဖြင့်ရင်ကျိုးရချည်ရဲ့မို့ တအားလည်းမလုပ်ရဲပေ။
YOU ARE READING
မေတ္တာရိပ်မြုံလေးထဲဝယ်မောင်နဲ့ငါ (𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅)