အချိန်အားဖြင့်နေ့လည်၃နာရီ ထိုးလုဆဲဆဲလေးပင်။မသိစိတ်ရဲ့လှုံ့ဆော်မှုကြောင့် စောင်ထုပ်လေးထဲမှဖြူဖြူဥဥ လူသားလေးတစ်ယောက်သည် ငိုထားသောကြောင့်ပိဖောင်းနေသော မျက်လုံးလေးတွေကိုအားယူဖွင့်ကာ နိုးလာလေသည်။
ကုတင်ခြေရင်းမှ တိုင်ကပ်နာရီလေးကိုလှမ်းကြည့်တော့ ၂း၅၀ ကိုပြနေတာကြောင့် မျက်လုံးတွေကိုပွတ်ရင်းကမန်းကတန်းထရန်ပြင်လေသည်။ လှုပ်ရွနေသောခန္ဓာကိုယ်လေးသည် ကုတင်ပေါ်မှထရန်ခြေတစ်ချောင်းချပြီးကာမှ ဆက်ကနဲ ဆောင့်ဆွဲခံလိုက်ရခြင်းနဲ့အတူ စောင်ထုပ်ထဲကလူရဲ့ရင်ခွင်ထဲသို့ ပစ်ကျသွားလေသည်။
"အင့်! ရှင်းလျှန်! ခဏလွှတ်ဦးလေနော်"
"ပင်ပန်းတယ် ငြိမ်ငြိမ်ပြန်အိပ်နေ"
"ပင်ပန်းတယ်?"
"အင်း"
ပင်ပန်းတယ်ဆိုသော ရှင်းလျှန်၏စကားကြောင့်စိုင်းမော်ရှန်းပါးစပ်လေးမဲ့ ကာ မျက်စောင်းထိုးလိုက်သည်။ တကယ်ပင်ပန်းရတာ ဘယ်သူမို့လို့လဲ။
"အိပ်လို့မဖြစ်လို့ပါကွာ ခဏနေ သမီးလေးပြန်လာတော့မှာ ၃နာရီခွဲလောက်ဆိုရောက်တော့မှာကွ"
"ရောက်ရောက်"
"ရှင်းလျှန်း ခဏလွှတ်ပေးပါကွာ ငါသန့်ရှင်းရေးလုပ်ဖို့လည်းလိုတယ်လေ နော်"
"မလွှတ်ဘူးဗျာ"
သူပြောသမျှတွေကို မျက်လုံးမဖွင့်ပဲ အကန်တွေသာပြန်ပြောနေသောကောင်လေး။ ဒီနေ့အတွက် ထိုကောင်လေး၏အပြုအမူတွေကို သူလုံးဝအကဲမခတ်တက်တော့ပါလေ။
"ရှင်းလျှန်လေးက လိမ္မာပါတယ်ကွာ။ထပါ နော်။ ငါမုန့်လုပ်ကျွေးမယ်လေ ဟင် ဟင်"
သူ့ခေါင်းလေးကိုလက်ဖြင့်ပွတ်သပ်ရင်း အချိုသပ်ကာပြောလာသော စိုင်းမော်ရှန်း၏စကားကြောင့် ရှင်းလျှန် မသိမသာ ပြုံးလိုက်သည်။ တစ်ခုခုဆို မုန့်ကျွေးမယ်ပြောရတာနဲ့ ငါးဖယ်ပိုကြိုက်တာတွေ ကြက်သားပိုကြိုက်တာတွေပြောရတာနဲ့။တကယ်ပဲထိုလူသားသည် သူ့ကိုကလေးထင်နေလားမသိ။
YOU ARE READING
မေတ္တာရိပ်မြုံလေးထဲဝယ်မောင်နဲ့ငါ (𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅)