ခေတ်တစ်ယောက် ဒီညနေခင်းလေးတွင်တော့ခါတိုင်းနှင့်မတူ ဖင်တကြွကြွဖြစ်နေလေသည်။အလုပ်ကပြန်လာတော့မည့်မောင့်ကိုမျှော်ရင်း အပေါက်ဝကနေခေါင်းလေးပြူကြည့်လိုက်ပြန်ဝင်သွားလိုက်နှင့်သာ။မနက်ခင်းထဲကမောင်လိမ်းပေးထားတဲ့သနပ်ခါးတွေကလည်းပါးပေါ်မှာမပျက်သေး။နာရီဝက်လောက်ဝင်ချည်ထွက်ချည်လုပ်နေပြီးနောက်မောင်နှင့်မောင့်အဖေ၏ကားလေးနှစ်စီးသည်ခြံထဲသို့ရှေ့ဆင့်နောက်ဆင့်ဝင်လာလေသည်။
မောင့်ကားကိုမြင်တာနဲ့အပြေးထွက်ကာအလုပ်အိတ်တွေဖိုင်တွေပြေးသယ်ပေးပြီးအိမ်ထဲသို့အလျှင်အမြန်ခေါ်ပြန်သည်။ဦးသီဟမောင်ကတော့ခေတ်ကိုကြည့်ကာ သူ့မိန်းမဖြစ်သူကိုမျက်စပစ်ပြီး"ဘာလဲ"ဆိုသောသဘောဖြင့်မေးတော့ ဒေါ်မေမိုးပြည့်ကအိမ်ထဲရောက်မှပြောပြမယ်ဆိုသောပုံဖြင့်ခေါင်းသာငြိမ့်ပြလေသည်။
"ဟဲဟဲ..ပြန်လာပါပြီလားဦးလေး"
"အေးကွ..ဒါနဲ့မောင်ခေတ်ထူးတို့ဒီနေ့ပျော်နေသလိုပဲနော်"
"ပျော်ဆိုဒီနေ့စာသင်ရတယ်လေဗျ...ဟဲဟဲ..ဒါကြောင့်ဗျား အပေါ်လေးခဏသွားလိုက်ဦးမယ်ဗျ"
"အေးအေး သွားသွား"
လူကြီးတွေကိုနှုတ်ဆက်ပြီးသည်နှင့်မောင့်ကိုဆွဲခေါ်ကာအပေါ်သို့အမြန်တက်လေသောခေတ်
"ဖြေးဖြေးပါခေတ်ရယ် ဘာတွေများဒီလောက်ပျော်နေရတာလဲပြော"
"ပြောချင်နေတာဗျား...ငါကလေမောင်မလာသေးလို့စောင့်နေတာကွ ဒီနေ့လေစာတွေအများကြီးသင်ရတယ်သိလား"
"ဟုတ်လား ဘာစာတွေလဲပြောပါဦး"
မူကြိုကပြန်လာသောကလေးလေးသဖွယ်ပြောနေသောခေတ်ကြောင့်မောင့်မှာလည်းအလုပ်ကပြန်လာပြီးမမောနိုင်မပန်းနိုင်ခေတ်စကားတွေနားထောင်ရပြန်သည်။
"ဒီနေ့လေ က ကလေးငယ်ချစ်စဖွယ်တို့
ခ ခရေကုံး မလေးပြုံးတို့ သင်ရတာဗျား။ပြီးတော့ ပြီးတော့ရှိသေးတယ် ငါကလေကားစီးရင်ပတ်တဲ့ကြိုးကိုနဖားကြိုးလို့မခေါ်တော့ဘူးဗျား ဆရာကပြောတယ် အယ့်တာစိဘိတ်တဲ့ သိလားကွ"
YOU ARE READING
မေတ္တာရိပ်မြုံလေးထဲဝယ်မောင်နဲ့ငါ (𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅)