သူရိန်နေမင်းကြီးသည် အရှေ့ဘက်မှနေ၍တဖြည်းဖြည်းခေါင်းပြူလာကာ လောကလူသားတွေကိုအလင်းဆောင်ချိန် နွေးထွေးသောအိပ်ရာထက်ဝယ် လူသားလေးနှစ်ဦးသည်အိပ်မောကျနေလေရဲ့ပေါ့။ သိပ်မကြာလိုက်ပါ ထိုလူသားလေးနှစ်ဦးထဲမှ ချစ်စရာကောင်းလှသောပွယောင်းယောင်းလူသားလေးတစ်ယောက်သည် အရင်နိုးထလာကာ သူ့ဘေးကချောမောလှသောချစ်ရသူကို အပြုံးမျက်နှာလေးနှင့် တစ်စိမ့်စိမ့်စိုက်ကြည့်နေလေသည်။
သူချစ်ရတဲ့ထိုကောင်လေး တော်တော်လေးအိပ်မောကျနေတယ်ထင်ပါရဲ့လေ။
မနေ့ညက ဥာဥ့်နက်သန်းခေါင်မှ အသည်းအသန်တွေထယောင်သော မောင့်ကြောင့်ခေတ်ရော မောင်ပါ အိပ်ရေးပျက်ခဲ့ရသည်မလား။အိမ်မက်ဆိုးတွေမမက်တာကြာခဲ့ပြီဖြစ်သော ထိုကောင်လေးသည် အဘယ်ကြောင့်အိမ်မက်ဆိုးတွေ ထပ်မက်ရပြန်ပါသလဲလေ။
ခေတ်တစ်ယောက် မောင့်အားကြည့်နေရင်း တစ်စုံတစ်ခုကိုသတိရသွားဟန် မျက်လုံးလေးတွေပြူးကျယ်ဝိုင်းစက်သွားလေသည်။ ဒီနေ့ကချစ်ရသောထိုကောင်လေးရဲ့မွေးနေ့မလား။
သတိရသွားတာနဲ့တစ်ပြိုင်နက် မောင့်အနားသို့ပိုတိုးကပ်သွားကာ နဖူးလေးကိုမထိတထိ မဝံ့မရဲနှင့်တစ်ချက်နမ်းလိုက်သည်။ ဒီအနမ်းလေးဟာ ခေတ်အတွက်တော့မောင့်ကိုပေးတဲ့ပထမဆုံးအနမ်းမလား။
"အင်းးး"
နဖူးပေါ်ရောက်လာတဲ့ခပ်နွေးနွေးအထိအတွေ့လေးကြောင့် မောင်တစ်ယောက်အိပ်ပျော်နေရင်းမှသံရှည်ကြီးဆွဲကာ အကျောဆန့်ပြီး မျက်လုံးလေးတစ်ဖက်ဖွင့်ကြည့်လေသည်။ မောင့်မျက်လုံးလေးတွေပွင့်လာတော့ခေတ်က နဖူးပြင်ထက်သို့နောက်ထပ်အနမ်းလေးတစ်ချက်ခပ်ဖွဖွပေးရင်း ပြုံးလျှက်ကြည့်ကာ ချိုသာသောအသံလေးနှင့်ချစ်ဖွယ်စကားလေးကိုဆိုလေသည်။
"ဟက်ပီး ဘက်ဒေး မောင်"
တစ်လုံးချင်းသေချာစဥ်းစားပြောကာ ချစ်ရည်ရွှမ်းသောမျက်လုံးလဲ့လဲ့လေးတွေနှင့်ပြုံးကာကြည့်တော့ မောင်က မိခင်ရင်ခွင်ကိုမြင်သောကလေးလေးသဖွယ် ခေတ်အားပြန်လည်ငေးစိုက်ကြည့်ရင်း မျက်ရည်လေးတွေဝဲတက်လာလေသည်။
YOU ARE READING
မေတ္တာရိပ်မြုံလေးထဲဝယ်မောင်နဲ့ငါ (𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅)