ခေတ်တစ်ယောက် ဒေါ်မေမိုးပြည့်အကြံအတိုင်းမောင့်ကိုရုပ်ရှင်ကြည့်ရန်ခေါ်ကာအောက်သို့ဆင်းလာခဲ့လေသည်။အောက်ရောက်တော့Rest Roomထဲတွင်TVရှေ့ကဆိုဖာကြီးပေါ်၌တောင့်တောင့်ကြီးတွေထိုင်နေသောမောင့်အဖေနှင့်ရှင်းလျှန်ကိုတွေ့လေသည်။မောင်နဲ့ခေတ်တို့ဝင်လာတာတွေ့တော့ရှင်းလျှန်နဲ့ဒေါ်မေမိုးပြည့်ကရယ်ပြပေမယ့် မောင့်အဖေကတော့ခပ်တည်တည်သာ
"သားခေတ်လေးတို့လာ"
ဒေါ်မေမိုးပြည့်ကအားရဝမ်းသာခေါ်တော့မောင်နဲ့ခေတ်မှာဆိုဖာထောင့်ကနေရာလွတ်တွင်ဝင်ထိုင်လေသည်။ခေတ်ကကြံစည်ထားတဲ့အတိုင်းမောင့်ကိုသူ့အဖေဘေးမှာထိုင်ခိုင်းကာ သူကထောင့်ဆုံးမှာဝင်ထိုင်လိုက်သည်။ သူတို့အနေအထားက ပတ်လည်ဆိုဖာအဝိုင်းကြီးပေါ်တွင် ဒေါ်မေမိုးပြည့်နဲ့ခေတ်ကထောင့်တစ်ဖက်ဆီမှာထိုင်ပြီး အလယ်မှာထိုသားအဖသုံးယောက်ကိုထိုင်ခိုင်းထားလေရဲ့။
မောင်ကတော့သူ့အဖေဘေးကပ်ထိုင်နေပေမဲ့မျက်နှာကြီးကိုတော့ဆုပုတ်၍ခေတ်ဘက်ကိုသာလှည့်ထားလေသည်။
"ကဲ ရုပ်ရှင်ကြည့်မယ် ရော့သားခေတ် popcorn နဲ့ colaယူ၊ဒီသားအဖသုံးယောက်ကဘူးကြီးတစ်ဘူးယူ"
ဒေါ်မေမိုးပြည့်သည်ပါးစပ်ကလည်းပြောရင်းခေတ်အားပေါက်ပေါက်ဘူးသေးလေးတစ်ဘူးနဲ့အအေးတစ်ဗူးပေးကာ သူမရဲ့ခင်ပွန်းဖြစ်သူလက်ထဲကိုတော့ပေါက်ပေါက်ဘူးအကြီးကြီးထည့်ပေးလေသည်
"ကျစ်!"
သူတို့ကိုတူတူစားခိုင်းတာကြောင့်မောင်နဲ့မောင့်အဖေရဲ့အလိုမကျသံဟာထွက်ပေါ်လာပေမယ့် မောင်ကလည်းခေတ်ကိုမလွန်ဆန်ရက်တာကြောင့်ဘာမှမပြောသလို မောင့်အဖေဦးသီဟမောင်မှာလည်းသူ့မိန်းမကိုမလွန်ဆန်ရက်တာကြောင့်ဘာမှထပ်မပြောပေ
"ရုပ်ရှင်စပြီနော်"
ရှင်းလျှန်ကတီဗီကိုလှမ်းဖွင့်ရင်းပြောတော့ ခေတ်ကမျက်လုံးလေးဝိုင်းကာတအံ့တသြနှင့်တီဗီဖန်သားပြင်ကိုကြည်လေသည်
YOU ARE READING
မေတ္တာရိပ်မြုံလေးထဲဝယ်မောင်နဲ့ငါ (𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅)