Part 45《Final》

39.9K 2.3K 116
                                    

"က​လေး​တွေ အဆင်သင့်ဖြစ်ကြပြီလား​​ဟေ့"

​အောက်မှ​ဒေါ်​မေမိုးပြည့်၏ ​အော်သံ​ကြောင့် အ​ပေါ်ထပ်ကအခန်းထဲမှာ ပြင်ဆင်​နေကြတဲ့သူ​လေး​တွေလှုပ်လှုပ်ရွရွဖြစ်လာကြသည်။ ဟုတ်သည် တကယ်​တော့ဒီ​နေ့က သူတို့​လေး​တွေရဲ့ရုံးပိတ်ရက်ပင်။ ထို့​ကြောင့် မိုးလင်းထဲက တစ်တီတူးတို့​တွေ ​အေး​ဆေးတစ်တီတူး​နေကြခြင်းပင်။ အစကအစီအစဥ်မရှိ​သော်လည်း ၈နာရီ​လောက်မှ ပိတ်ရက် က​လေး​တွေနဲ့ကစားကွင်းသွားရ​အောင်ဆို​​သော ​​ဒေါ်​မေမိုးပြည့်၏ စကား​ကြောင့် သူတို့​လေး​တွေ ပြင်ဆင်​နေကြခြင်းပင်။

ယခုအချိန်မှာ​တော့ ၉နာရီခွဲ​နေ​လေပြီ။ ၁၀နာရီ​လောက်အိမ်ကထွက်ကြရန် တိုင်ပင်ထားကြပြီး အသီးသီးပြင်ဆင်​နေရာမှ အ​ပေါ်ထပ်က​နေ မီးငယ်​လေးရယ် ​ရောင်နီရယ်က လက်တွဲလျက်အရင်​​​ပြေးဆင်းလာ​လေသည်။ ထို့​နောက် ​နွေနှင့် ရှင်းလျှန်တို့အတွဲဆင်းလာ၏။ စိုင်း​မော်ရှန်းက​တော့ ရှင်းလျှန်အား ခုထိစိတ်​ကောက်​နေဟန်တူပါသည်။ ရှင်းလျှန်က​နောက်က​နေလိုက်ပြီး သူက​ရှေ့က​နေ ​ကော့​တော့​ကော့​တော့​လေးနှင့်ဆင်းလာ၏။ ​နောက်ဆုံးဆင်းလာသည်က​တော့ ​မောင်တို့မိသားစုပင်။ ​ရွှေဘူဘူးနဲ့​ခေတ်က ​​မောင်ဆင်​ပေးထား​သော ဘွိုင်လာဝမ်းဆက် ဆင်တူ​လေးနဲ့ ကစ်ကစ်တုတ်တုတ်က​လေး​တွေနဲ့ချစ်ဖွယ်အတိ။

"ကဲလူစုံပြီ​ပေါ့။ သွားကြမယ်ရှင်"

​အောက်​ရောက်​တော့ ​ဒေါ်​မေမိုးပြည့်၏ တက်ကြွ​သောစကား​ကြောင့် သူတို့အားလုံးသယ်စရာရှိတာ​တွေသယ်ကာ လိုအပ်တာ​တွေတင်ပြီး ပြည်သူ့ရင်ပြင်သို့ထွက်ခဲ့ကြသည်။ ဘယ်သွားချင်လဲ​မေးရာ အ​မောင်​ခေတ်နဲ့​နွေတို့သားအမိက ပြည်သူ့ရင်ပြင်ကို ​ထောက်ခံပြီး စိုင်း​မော်ရှန်းကလည်း ဘယ်သွားသွားအဆင်​ပြေသည်ဆိုတာ​ကြောင့် ရင်ပြင်သို့သာထွက်ခဲ့ကြသည်။ အဓိကက က​လေးကြီး​တွေသ​​​ဘောပဲမလား။

ကားထဲစုပြုံပြွတ်သိပ်ကာလိုက်လာကြပြီး ရင်ပြင်​​ရောက်​တော့လည်း ​ဒေါ်​မေမိုးပြည့်ကပင် ဦး​ဆောင်၍ ​ခေတ်ရယ်ဘူဘူးရယ်၊ ​​နွေတို့သားအမိရယ်၊ စိုင်း​မော်ရှန်းတို့သားအဖရယ်ဟာ ​ရှေ့က​နေ​ကော့​တော့​ကော့​တော့​လေး​တွေနှင့်ထွက်သွားကြ​လေသည်။ ​မောင်ရယ်၊ရှင်းလျှန်ရယ်၊ ဦးသီဟ​မောင်ရယ်မှာ​တော့ ဟိုသယ်ဒီသယ် လိုတာ​လေး​တွေသယ်ပိုးရင်းသာ။

​မေတ္တာရိပ်မြုံ​လေးထဲဝယ်​မောင်နဲ့ငါ (𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅)Where stories live. Discover now