Chapter-27

22 7 0
                                    

My roomate (ကျွန်တော့ရဲ့အခန်းဖော်)

စန္ဒကူးမေ မွှေလိုက်သောမီးကြောင့် စိုင်းမာန်ခမ်း ရန်၏သိုလှောင်ရုံအိမ်ထိ ရောက်လာချေပြီ။ ဆင်းမတွေ့ရင်ပြန်မည့်ပုံမပေါ်သဖြင့် ရန်အောက်ထပ်သို့ မဆင်းချင်ဆင်းချင်နဲ့သာ စိုင်းမာန်ခမ်းရှိရာသို့ လျှောက်လှမ်းဆင်းသွားလိုက်သည်။ ဒီသုံးရက်အတွင်း သူလည်းအိပ်မပျော်လို့များလား မျက်နှာပင်ချောင်ကျသွားသည်။ စိုင်းမာန်ခမ်းကို ရန်ဒီလိုပုံနှင့်မြင်ရပြန်ရပြန်တော့လည်း စိတ်ထဲမကောင်းပေ။

"ဘာကိစ္စရှိလို့လဲ?"
သူရှေ့ကဆိုဖာတွင် ဝင်ထိုင်လိုက်ကာ မျက်လုံးချင်းစုံအောင် မကြည့်ဘဲမေးလိုက်သည်။

"အိမ်ပြန်လိုက်ခဲ့!"
စိုင်းမာန်ခမ်းပြန်​ဖြေသော စကားတစ်ခွန်းသည် ရန့်နှလုံးသားကို သိမ့်ခနဲတုန်ခါသွားစေကာ ရင်ဘတ်တစ်ခုလုံးကို နွေးထွေးသွားစေသည်။ မဟုတ်သေးပါဘူး! ငါကဘာဖြစ်နေတာလဲ?! ဟိုကဖြင့်အိမ်ပြန်လိုက်ခဲ့တစ်ခွန်းဘဲပြောရသေးတယ်! မဖြစ်ဘူး! နောက်နေ့ကျရင် နှလုံးအထူးကုသွားပြရမယ်။ (ဘာမှလဲဆိုင်ဘူး🙄)

မာန်ခမ်းရှေ့မှာ မျက်မှောင်ကြီးကြုတ်ပြီး အလိုမကျဖြစ်နေသော လှည့်စားခြင်းအမှု၌ ကျွမ်းကျင်
သည့်ကောင်မလေးကို ကြည့်ပြီးမာန်ခမ်းမှာ အသည်းယားနေရသည်။ မတွေ့တဲ့သုံးရက်အတွင်း စိတ်ရောကိုယ်ရောပင်ပန်းထားသည်ထင်၏။ မျက်နှာလေးမှာ ဖြူဖျော့ပြီး အားနည်းနေဟန်။ နဂိုကမှနေမကောင်းရှာတဲ့ ကလေးမကို မာန်ခမ်းအပူမီးတွေ ထပ်ပေးမိသွားသည်လား။ ထိုအတွေးနဲ့အတူ မာန်ခမ်း၏ ရင်ခွင်အစုံမှာလည်း ဆွေး​မြေ့လောင်ကျွမ်းသွားရသည်။

"အိမ်ပြန်လိုက်ခဲ့ပါရန်!..."
မာန်ခမ်းတိုးညှင်းသောလေသံဖြင့် ထိုစကားကိုထပ်၍ ဖြောင်းဖြဟန်ပြောမိသည်။

"ငါ..နေစရာရှာတွေ့သွားပြီ...ပေးထါးတဲ့အချိန်သုံးလလည်းပြည့်သွားပြီဆိုတော့ ငါဒီမှာဘဲနေလိုက်တော့မယ်...ပစ္စည်းတွေကိုတော့ အဆင်ပြေတဲ့နေ့လာယူပါ့မယ်...."

အချိန်အကြာကြီး ကားမောင်းလာပြီး စန္ဒကူးမေကို အာပေါက်တဲ့ထိ နားလည်အောင်ရှင်းပြပြီးမှ ရလိုက်တဲ့ရလဒ်ကားဤအရာသည်တဲ့လား?..
ဟင့်အင်း...မရဘူး။ ဒီအထိတောင်ရောက်လာပြီးမှ ရန်မပါဘဲမပြန်နိုင်ဘူး။

My roomate (ကျွန်တော့ရဲ့အခန်းဖော်)Where stories live. Discover now