Chapter-16

25 6 0
                                    

My roomate (ကျွန်တော့ရဲ့အခန်းဖော်)

'ရန်' ပြေးရင်းပြေးရင်းဖြင့် ရန့်ကိုကျော်တက်သူကကျော်တက်သွားကြသည်။ ရန့်နောက်တွင်ကျန်ခဲ့သူက ကျန်ခဲ့သည်။ ကျောင်းသုံးပတ်ပြေးရမည်ဖြစ်သောကြောင့် ရန်လဲပျင်းရိပျင်းတွဲ့စွာဖြင့် ပြေးနေလိုက်သည်။ ရန်ရှုံးလဲမမှုပါ။ ယောကျာ်းလေးတာဝေးပြိုင်ပွဲကို မိန်းကလေးဖြစ်သည့်ရန်က ဝင်ပြိုင်နေရသည်လေ။ ရန်ဒီလောက်တော့ပျင်းခွင့် ရှိသည်မလား?.....။
ရန်အေးဆေးစွာပြေးလာရင်း ခရီးတစ်ဝက်အရောက်မှာ ရန့်ဘေးဘီကိုဝဲကြည့်မိတော့ တစ်ယောက်စနှစ်ယောက်စမှလွဲ၍ ကျန်သည့်ပြိုင်ပွဲဝင်များကို မတွေ့ရတော့။ ရန်မောနေသော်လည်း ပြေးနိူင်သေးသည့်အနေထားတွင် ရှိနေသဖြင့် ဆက်၍ပြေးနေလိုက်သည်။

မကြာမီမှာပင် ရန့်မြင်ကွင်းတွင်းသို့ အော်ဟစ်အားပေးနေသော လူများ၏အသံနှင့်  ဖဲကြိုးအနီတန်းတစ်ခုက တစ်စတစ်စတိုးဝင်လာသည်။ ရန်မောနေပြီဖြစ်၍ ရပ်ဖို့ပြင်လိုက်သည်။ သို့သော် ရန့်ခြေထောက်များက မရပ်တန့်။ ရန်ပြေးရမလို ရပ်ရမလိုဖြစ်သွားကာ ခြေလှမ်းမှားပြီး မှောက်ရက်လဲကျလေတော့သည်။
ထိုစဥ် အခြားကျောင်းမှ ယောကျာ်းလေးက ရန့်အနောက်မှ ရှေ့သို့ကျော်တက်ရန် အားတင်ကာစပြေးလေသည်။ ရန်လည်းကြံရာမရဖြစ်ကာ ခြေထောက်ကိုအားကုန်ထည့်ကာ ကုန်းထပြီးပြေးလိုက်သည်။ ဒူးခေါင်းကစပ်ဖြင်းဖြင်းခံစားနေရသော ဒဏ်ရာကိုရန်ဂရုမပြုမိ။ ရန့်စိတ်ထဲတွင် ထိုဖဲကြိုးအနီတန်းကိုသာ အာရုံစိုက်နေမိသည်။ရန့်နားထဲတွင် အသံဗလုံစုံစွာ ကြားနေရသည်။
ရန်ဝေခွဲမရ.....။
ရန်သာ...ရန်သာ..အဲ့ဖဲကြိုးနီကိုကျော်ဖြတ်ပြီးရင် ရန်အနိုင်ရပြီလား။ ဒါဆိုရန်စိတ်တိုင်းကျနေခွင့်ရမလား.....။ ရန်အရှိကိုအရှိတိုင်း လွတ်လပ်စွာ နေခွင့်ရှိပြီလား........ဟူ၍ရူးသွပ်စွာတွေးနေမိသည်။

"အခုကစပြီး..သမီးကယောကျာ်းလေးဘဲ...ယောကျာ်းလေးအသုံးနှုန်းဘဲသုံးရမယ်...သမီးကမိန်းကလေးဆိုတာကို ဟိုကမမရယ်အဖိုးရယ်ကလွဲပြီး ကျန်တာဘယ်သူမှမသိစေနဲ့...."

"ရန်...ဂရုစိုက်နော်..မင်းကသူများနဲ့မတူဘူးဆိုတာသတိရနော်..."

My roomate (ကျွန်တော့ရဲ့အခန်းဖော်)Where stories live. Discover now