Chapter-23

24 7 0
                                    

My roomate (ကျွန်တော့ရဲ့အခန်းဖော်)

နေရောင်ခြည်နုနုတို့ ဖြာကျအလင်းပေးလျက်ရှိသော အခန်းငယ်လေးတွင် နာကျင်မှုကြောင့် ပင်ပန်းနွမ်းနယ်ကာ အိပ်မောကျနေသော ကောင်လေးတစ်ယောက်။ သို့သော်ကောင်မလေးတစ်ယောက်ဟု ပြောလျှင်ပိုမှန်မည်လား.....။ ထိုကောင်လေးဘေးတွင် မအိပ်စက်နိုင်ဘဲ စိတ်ပူစွာ ညလုံးပေါက်ပြုစုစောင့်ရှောက်ပေးနေရသော ကောင်မလေးတစ်ယောက်။ ထို့ပြင်အောက်ထပ်ရှိ ကောင်လေးမှာလည်း ပူပြင်း၊ဝေခွဲမရသော စိတ်တို့ကို ရင်ဝယ်ပိုက်ကာ မိုးစင်စင်လင်းည်အထိ အိပ်မပျော်နိုင်ဘဲ အတွေးပေါင်းစုံဖြင့် ယောက်ယက်ခက်နေသည်။

မျက်နှာသို့အလင်းရောင်တို့ ကျရောက်နေသောကြောင့် ရန်ကျိန်းစက်နေသော မျက်လုံးကို ဖြည်းညှင်းစွာ ဖွင့်မိသည်။ မျက်လုံးဖွင့်လိုက်သည်နှင့် ဦးစွာမြင်လိုက်သည်က ရန့်အခန်း၏မျက်နှာကျက်။ ထို့နောက်မျက်လုံးကို ဖိပွတ်ကာ အခန်းကိုလှည့်ပတ်ကြည့်ရာ တစ်နေရာအရောက်တွင် တွေ့လိုက်ရသောအရာကြောင့် ရန်အော်မိသည်အထိလန့်ကာ ငေါက်ခနဲထထိုင်မိသည်။

"အား!သေပါပြီ!"
အလျင်မြန်ထထိုင်မိလိုက်သည့် အရှိန်ကြောင့် ရန့်ဝမ်းဗိုက်မှဓားဒဏ်ရာကမျက်ကနဲ။
"သေပြီလား?"

အသံလာရာကြည့်လိုက်တော့ ရန့်ကို စွန်ရဲတစ်ကောင်လို ရဲနီနေသောမျက်လုံးနှင့်ဘာမထီသောခပ်ရွဲ့ရွဲ့အပြုံးပြုံးဖြင့် မေးလာသော စန္ဒကူးမေ။ စန္ဒကူးမေ၏ယခုပုံစံမှာ အမှန်တကယ်ပင် ရန့်ကိုအပိုင်းပိုင်းဖြတ်ချင်ပုံပေါ်နေသည်။ ရန်လည်းစန္ဒကူးမေဒေါသကိုသိသည်မို့ မျက်နှာချိုသွေးသောအပြုံးလေးတစ်ခုပြုံးလိုက်ကာ
"ဟီးဟီး...မေ..."

"ဘာမေလဲ?!....ခုမှလာမေမနေနဲ့!...နင့်ကြောင့်ငါဘယ်လောက်စိတ်ပူလိုက်ရလဲသိလား?!....ခုထိတစ်ရေးတောင်အိပ်မရဲဘူး!....သိလား?!...အဲ့ဒါတွေနင်သိလားလို့!"

ပြောလည်းပြော၊ ငိုလည်းငို၊ လက်ကလည်းအငြိမ်မနေဘဲ ရန်ကျောကို တဘုန်းဘုန်းနှင့်ထုရိုက်နေသော စန္ဒကူးမေရယ်ပါ။ သူကမိန်းကလေးအားနဲ့ဆိုပေမဲ့ ရန်လည်းမိန်းကလေးဘဲလေ။ အဲ့ဒါအပြင် စန္ဒကူးမေလက်က သေးသေးလက်နဲ့စပ်တဲ့ မိုးမျှော်တောင့်မျိုး။

My roomate (ကျွန်တော့ရဲ့အခန်းဖော်)Where stories live. Discover now