My Roomate (ကျွန်တော့ရဲ့အခန်းဖော်လေး)
Ch-5
၁၃နှစ်ကြာပြီးနောက်.....
ပြင်ဦးလွင်မြို့ရဲ့ဆောင်းတွင်းနံနက်ခင်းလေးက အေးစိမ့်လို့နေသည်။
နံနက်(၉)နာရီချိန် နေရောင်ခြည်မှာလဲ တိမ်ထူသောနေ့ဖြစ်တာကြောင့် အုံ့မှိုင်းမှိုင်းသာဖြစ်နေသည်။
နေပြောက်မထိုးနိုင်အောင် ကိုင်းဖြာနေသောကုက္ကိုပင်ကြီးအောက်က ခုံတန်းလေးပေါ်မှာဆွေးမြေ့စွာထိုင်နေသောကောင်လေးတစ်ယောက်....။
အနက်ရောင်ဘောင်းဘီရှည်ပွပွ၊ မီးခိုးရောင်လည်ပိတ်ဆွယ်တာပေါ်မှာ အသားရောင် လောင်းကုတ်ရှည်ကိုထပ်ဝတ်ကာ ထိုင်နေသည်မှာ အတော်ပင်ကြာနေပြီဖြစ်သည်။
ချောမောပြေပြစ်သောမျက်နှာထက်က မျက်ဝန်းညိုညိုတွေမှာ လွမ်းဆွေးမှုအပြည့်...။
ဆောင်းတွင်းမို့တစ်ခါတစ်ရံတိုက်ခတ်လာတဲ့ လေပြေအေးများက နဖူးထက်သို့ကျနေသောဆံစအချို့ကို လွင့်ခါစေသည်။
"နန်း...နင်ဘာတွေများလုပ်နေလဲ..ဘယ်နေရာတွေထိရောက်နေလို့..ငါ့ကိုလာပြန်တောင်မတွေ့နိုင်ရတာလဲ..(၁၁)နှစ်တောင်ရှိသွားပြီ နင်ငါ့ကိုထားခဲ့တာ..ဘာဘဲဖြစ်ဖြစ်ပါနင်က ငါအခင်မင်ရဆုံးသူငယ်ချင်းဖြစ်နေဦးမှာဘဲ"
သက်ပြင်းတစ်ချက်ရှိုက်ကာ လက်ထဲမှသစ်သားသေတ္တာလေးထဲကို နန်းရဲ့ပုံတူပန်းချီလေးထည့်ကာ သော့ခတ်လိုက်သည်။
လွန်ခဲ့တဲ့ (၁၁)နှစ် 'နန်း'နဲ့သူ ချိန်းထားတဲ့နေရာကို နန်းမရောက်လာခဲ့တဲ့အချိန်ကစပြီး သူနန်းကို နေရာတိူင်းလိုက်ရှာခဲ့သည်။
မေမေနဲ့ဖေဖေမှာလည်း စိူင်းရဲ့အပူကပ်မှုကြောင့် ဆက်ဆံရေးမပြေလည်တဲ့ကြားတဲ့ အင်အားအကုန်သုံးပြီးရှာခဲ့ပေးခဲ့သည်။
ဖေဖေ့အဆက်သွယ်ကြောင့် နန်းအိမ်ကိုသိချိန်ချက်ချင်း အရောက်သွားခဲ့သော်လည်း နောက်ကျသွားခဲ့သည်။
နန်းနှင့်ပတ်သတ်ပြီး သူသိလိုက်ရသည်က နန်းမေမေ အက်ဆီးဒင့်ကြောင့် မတော်တဆ ဆုံးသွားတော့ စျာပနကျင်းပပေးမည့် မိသားစုကမရှိ. သမီးလေးရှိပေမဲ့ ငယ်လွန်းသေး၍ ဘာမှလုပ်မတတ်. ကံကောင်းစွာနှင့် နန်းဖေဖေရောက်လာခဲ့ပေမဲ့ ဘာမှပါမလာ အကြွေးတွေသာပါလာခဲ့သည်။...
ရပ်ကွက်ထဲကလူကြီးတွေက ကောက်ခံရတဲ် အလှူငွေနဲ့ စျာပနကို ဖြစ်သလိုသာလုပ်ပေးလိုက်ရသည်တဲ့..။နန်းဖေဖေက တစ်နယ်တစ်ကျေးမှာ အလုပ်လုပ်ဖို့ဆိုပြီး နန်းကိုခေါ်ကာထွက်သွားသည်တဲ့...။
နန်းထွက်သွားတာကိုသူမမီခဲ့ပေမဲ့ လက်မလျှော့ခဲ့ပါ။နန်းအရွယ်ရောက်လာမည့်ပုံကို digitalဆွဲပြီး ေဖဖေ့အင်အားသုံးကာ သူကြိုးစားရှာခဲ့သေးသည်။သိူ့သော်..ကံကြမ္မာကသူ့ကိုမျက်နှာသာမပေးပြန်တော့..သူစော
င့်နေရုံကလွဲပြီး မတတ်နိူင်တော့ပါ။
သူ့စိတ်ရဲ့ဟိုးအနက်ဆုံးနေရာကခံစားမိတာတစ်ခုရှိသည်...ထိုအရာကတော့..နန်းသူ့ဆီပြန်လာမည်ဆိုတာပင်...
သူနေရာမှာထရပ်ကာ သံဂေါ်ပြားလေးကိုင်ပြီး သစ်ပင်အောက်ကတစ်နေရာမှာ မြေကြီးကိုတူးဆွလိုက်သည်။ သေတ္တာလေးထည့်ဆံ့လောက်သည့်အနေထား အရောက်မှာ သေတ္တာလေးကို ထည့်ပြီး မြေကြီးဖို့လိူက်သည်။
ယူလာတဲ့ပစ္စည်းလေးတွေကိုစုကိုင်ပြီး ကုန်းဆင်းလမ်းတိူင်း သူအိမ်သိူ့ပြန်လာခဲ့သည်။
အရာအားလုံးပြောင်းလဲကုန်ပြီနန်း....
ငါတို့နားခိုနေကျကုက္ကိုပင်ကြီးလည်းအိုမင်းနေပြီ။
အရင်က ငါတို့နေခဲ့တဲ့ နေရာလေးလည်း ခုပြောင်းလဲသွားပြီ။
ဖေဖေနဲ့မေမေလည်း ကွာရှင်းလိုက်ပြီ...။
စိုင်းဖေဖေနဲ့မေမေကွာရှင်းပြီးနောက် မေမေကမိဘတွေရှိရာ ရန်ကုန်ကိုပြန်ပြီး စိန်တိုက်ကိုဦးစီးသည်။
ဖေဖေကလွှတ်တော်မှာ နေရာရပြီး အခုပြင်ဦးလွင်ဝန်ကြီးချုပ်ဖြစ် ရာထူးတိုးသွားခဲ့သည်။ မေမေနဲ့ကွာရှင်းပြီး(၂)နှစ်အကြာမှာ ငယ်ချစ်ဦးဖြစ်တဲ့ ဒေါ်မာလာနွယ်ဆိုသူနှင့်လက်ထပ်ဖြစ်ကာ ပြင်ဦးလွင်မြို့သို့ ပြောင်းရွှေ့နေထိုင်ခဲ့သည်။
ဖေဖေနောက်အိမ်ထောင်ပြုတော့ မေမေက စိုင်းကို ဖေဖေနှင့်မထားနိုင်ဘူးဆိုကာ လာပြန်ခေါ်ခဲ့သည်။ ဖေဖေကပြန်ခေါ်ခွင့်မပေးသဖြင့် တရားရင်ဆိုင်ခဲ့သည်။ နောက်ဆုံးတရားရုံးအဆုံးဖြတ်အရ မေမေနှင့်တစ်နှစ်ပတ်လူံးနေခွင့်ရှိပြီး နွေရာသီတိုင်း ဖေဖေနှင့်နေရမည်ဟု အမိန့်ချခဲ့သည်။
ထိုအချိန်က ဖေဖေနှင့်မေမေ ပြိုင်ဆိုင်မှုကြားမှာ သူမြေဇာပင်ဖြစ်ခဲ့ရသည်။
ခုချိန်မှာ ငါလွတ်ငြိမ်းခွင့်ရသင့်ပြီမလားဟင်...နန်း...။