My roomate(ကျွန်တော့ရဲ့အခန်းဖော်)
Ch-8ခြံကျယ်တစ်ခုရှိ နှစ်ထပ်အိမ်လေးထဲက ဧည့်ခန်းတွင် လူသုံးယောက်ထိုင်နေသည်မှာ အပ်ကျသံမကြားရသည်အထိ တိတ်ဆိတ်နေသည်။
"ဒီတော့...မင်းဆိုလိုတာ ဒီအိမ်ကိုငှားထားတဲ့နောက်ထပ်လူတစ်ယောက်..."
မာန်ခမ်းအပြောကို ဆိုဖာတစ်ဖက်ရှိကောင်လေးကခေါင်းညိတ်ပြသည်။"အဲ့ဒါမှကွိုင်ဘဲ ငါလည်းဒီအိမ်ကိုငှားထားတာ ငါနေ,နေတာ၂နှစ်ရှိပြီ...ငါ့ကိုနောက်ထပ်လူတစ်ယောက်ရောက်လာမယ်မှန်းလည်းမပြောထားဘူး.."
"အဲ့ဒါကျွန်တော့အပိုင်းမဟုတ်ဘူးလေ.."
မာန်ခမ်းလည်းဘာမှပြန်မတုံ့ပြန်တော့ဘဲ စားပွဲပေါ်ရှိ ဖုန်းကိုကောက်ယူကာ contactတစ်ခုနှိပ်လိုက်သည်။
"အေး.... စိုင်းလေးပြော..."
တစ်ဖက်မှ သကြားလုံးပါကင်လိုက်မျိုချထားသောအသံဖြင့် ပြောသူမှာ အခြားသူမဟုတ်။ စိုင်းနှင့်ပုခုံးဖက်ပေါင်းလာခဲ့သော သူငယ်ချင်းကျေးဇူးရှင် တစ်နည်းဒီအိမ်ရဲ့ပိုင်ရှင်ဖြစ်သည်။"ဘာစိုင်းလေးလဲ..မင်းဘာတွေလုပ်နေတာလဲ..."
မာန်ခမ်းဖုန်းပြောရင်းပင် အိမ်ငှားကောင်လေးဘက်သို့ ခွင့်တောင်းသောအကြည့်ဖြစ်ကြည့်ကာ ဧည့်ခန်းထဲမှထွက်လာခဲ့သည်။"ငါဘာမှမလုပ်ပါဘူးကွာ...အဲ့ဒါငါ့အကိုလုပ်တာ..သူငါ့ကိုမတိုင်ပင်ဘဲနဲ့ ပြသာနာတွေရှာချသွားတာ...မင်းကဘဲနားလည်ပေးပါနော်...မင်း(၁၀)တန်းတုန်းကလည်း အဆောင်နေခဲ့ဖူးတာဘဲကို.."
"အေး...အဆောင်နေခဲ့ဖူးလို့ပြောနေတာကွ..ငါသူစိမ်းတွေနဲ့မျှဝေပြီးနေရတဲ့ခံစားချက်မကြိုက်ဘူးဆိုတာ မင်းသိရက်နဲ့.."
"စိုင်းကလဲကွာ..ငါ့ကိုသနားပါ...ခုကမိုးလည်းချုပ်နေပြီ..သူတို့ကိုပြန်ခိုင်းဖို့ကအားနာဖို့ကောင်းတယ်လေ..."
"မင်း....."
မာန်ခမ်းပြောရင်း ဒေါသတွေထွက်လာကာဘယ်သူ့ကိုအပြစ်တင်လို့တင်ရမယ်မှန်းမသိ...
မထူးပါဘူး...စာနာစိတ်မရှိတဲ့လူလို့အထင်တော့မခံနိူင်ဘူးလေ...
.........................."ဒီအိမ်ကငါနေရမဲ့အိမ်မှန်လို့လား?"
ရန် 'ရောင်နီ့' ဘက်လှည့်ပြီးမေးမိသည်။
"မှန်ပါတယ်သခင်လေး.."
"ဒါဆိုငါသူစိမ်းတစ်ယောက်နဲ့အတူ နေရမှာကိုအဖိုးသိတယ်ပေါ့"
"ဟုတ်..သိပါတယ်"
"ဟူးးး"
ရန်သက်ပြင်းရှည်ဆွဲချကာ ဆံပင်ပျော့ခွေခွေထဲလက်ထိုးထည့်က ခပ်ဆတ်ဆတ်ခါမိသည်။အဖိုးသိနေရက်နဲ့ ဒီလိုနေခိုင်းတယ်ဆိုတည်းက အကြောင်းရှိလို့ပေါ့။ဘာတွေများနောက်ထပ်အကြောင်းတွေရှိဦးမလဲ။
မကြာမီမှာဘဲ ဖုန်းပြောရာမှဝင်လာသည့်ထိုလူက ရန့်ကိုကြည့်ကာ
"အခြေနေတွေကအလွဲတွေဖြစ်ကုန်တယ်...ဒီနေ့တော့မိုးချုပ်နေပြီမို့ ဒီမှာဘဲနေလိုက်ပါ...ရန်ကုန်မှာ အိမ်ရှာရတာမလွယ်တော့ ကိုယ်မင်းကို အချိန်၃လပေးပါ့မယ်...အခုလိုပြောရတာစိတ်မကောင်းပေမဲ့ ကိုယ်သူစိမ်းတစ်ယောက်နဲ့မျှဝေမနေတတ်လို့ပါ...အိမ်ပိုင်ရှင်ကလည်းအမှားလုပ်မိတဲ့အတွက် သူကိုယ်တိုင်ဖုန်းဆက်တောင်းပန်ပါလိမ့်မယ်"