Chapter -19

24 5 0
                                    

My roomate(ကျွန်တော့ရဲ့အခန်းဖော်)

ရန်ကျောင်းသွားရန်အတွက် မနက်စာစားဖို့မီးဖိုခန်းထဲသို့ဝင်ခဲ့သည်။ လက်ကMix coffeထုတ်ကို ခွက်ထဲထည့်ဖျော်နေသော်လည်း မျက်လုံးမှာတော့ ကျီးကန်းတောင်းမှောက် တစ်အိမ်လုံးဝေ့ဝဲကြည့်ကာ စိုင်းမာန်ခမ်း ကိုရှာမိသည်။ ညကစိုင်းမာန်ခမ်းကို စိတ်အလိုအလျောက် တုံ့ပြန်ပြီးမှ ရန်နောင်တရချင်သလိုဖြစ်သွားသည်။ အမှန်ဆိုစိုင်းမာန်ခမ်းက ရန့်ကိုကောင်းကောင်းဆက်ဆံပေးနေသည့်သူတစ်ယောက်မလား။ ရန့်ကိုစိတ်ခုသွားပြီး တော်ကြာအမြင်ကပ်ပုဒ်မနှင့် အိမ်ကနှင်ထုတ်နေမှ။ မဟုတ်ရင်တောင် သူစိမ်းတစ်​ယောက်ကဂရုစိုက်ပေးသည်ကို ရန်ဒါပထမဆုံးခံစားဖူးခြင်းပင်။ နွေးထွေးသလို စိုးရိမ်သောခံစားချက်တို့ကလည်း ရောပြွန်းနေသည်။ ညကရန့်ပါးမှဒဏ်ရာကိုမြင်တော့ နွမ်းလျသွားသောသူ့ရဲ့မျက်ဝန်းညိုညိုတွေ....။

"ဟင်း.....!"

ရန်သက်ပြင်းရှည်တစ်ခုချမိသည်။

အခန်းထဲတွင်ကျောင်းသွားဖို့ပြင်ဆင်နေရင်း မီးဖိုခန်းမှာ ခွက်သံပန်းကန်သံကြားလို့ ဟိုကောင်လေးနိုးပြီး မနက်စာစားဖို့ပြင်နေပြီဆိုတာ သိလိုက်သည်။ ခြေလှမ်းတို့ကအမိန့်မပေးရဘဲ အလိုလျောက်မီးဖိုးခန်းသို့ရောက်သွားသည်။ မီးဖိုခန်းထဲဝင်လိုက်သည်နှင့် ဆွေးမြေ့နေသောမျက်လုံးများဖြင့် သက်ပြင်းချနေသော ထိုကောင်လေး။
'ဘာတွေများစိတ်ညစ်စရာတွေရှိနေလဲ?'ဟုစိတ်ကသိချင်စိတ်တို့ တဖွားဖွားပေါ်လာသည်။ သို့သော် ထုတ်မမေးဖြစ်ခဲ့ပါ....။
ထိုကောင်လေးမွှေနေသော ကော်ဖီခွက်ကို မာန်ခမ်းဆွဲယူလိုက်ကာ
"ခုမှနေပြန်ကောင်းတာ...ကော်ဖီသောက်မဲ့အစား overtineတို့ ကွေကာတို့ပိုသောက်သင့်တယ်....ခဏစောင့်"

ပြောဆိုရင်းနှင့်ပင် ပါမုန့်မီးကင်စက်အတွင်းသို့ ပါမုန့်နှစ်ချပ်ထည့်ထားလိုက်သည်။ မာန်ခမ်းအရန်သင့်ဝယ်ထားသော overtineမှုန့်ဘူးမှနှစ်ဇွန်းခန့် ဖန်ခွက်ထဲသို့ခပ်ထည့်ပြီး ရေနွေးပူပူလေးဖြင့်ရောဖျော်လိုက်သည်။ ပြီးနောက် ပါမုန့်စက်တွင်ကင်ထားသော ပါမုန့်ကို ထုတ်ပြီးကြွေပန်းကန်ပြားအတွင်းသို့ စီရီထည့်လိုက်ပြီး ထိုကောင်လေးရှေ့သို့ ပေါင်မုန့်ပန်းကန်နဲ့ အိုဗာတင်းခွက်ကိုချပေးလိုက်သည်။

My roomate (ကျွန်တော့ရဲ့အခန်းဖော်)Where stories live. Discover now