Chapter-12

29 6 0
                                    

My roomate (ကျွန်တော့ရဲ့အခန်းဖော်)

"ဗွမ်း!"

ရေပက်ခံလိုက်ရမှုကြောင့် လန့်ဖြန်ကာဝူးဝူးဝါးဝါးနှင့်နိုးလာသော ယောကျာ်းတစ်ယောက်။ ခန္ဓာကိုယ်တွင်လဲ ဒဏ်ရာဒဏ်ချက်အပြည့်ဖြင့် သွေးအလိမ်းလိမ်းထနေသည်။ မှောင်မည်းနေသောအခန်းကျဥ်းတစ်ခုတွင် အဝါရောင်မီးကျဥ်ကျဥ်းသာထွန်းလင်းနေပြီး နှိပ်စက်ခံထားမှုကြောင့် သွေးအိုင်ထဲတွင်လဲနေသည့်    ထိုလူကိုပျင်းရိပျင်းတွဲဖြင့်ကြည့်နေသော ကောင်လေးတစ်ယောက်။

ထိုကောင်လေးမှာ သူ၏မျက်နှာကိုမဖော်ပြချင်ဟန်ဖြင့် အနက်ရောင်maskတပ်ကာ ဖုံးအုပ်ထားသည်။ သို့သော်ထိုကောင်လေး၏ မျက်လုံးအစုံမှာရီဝေခြင်းများအပြည့်။ သနားနေသည်လား?ရွံ့ရှာစက်ဆုပ်နေသည်လား? သို့လောသို့လောဖြင့်အဖြေရှာမရအောင်ဝင်္ကပါလိုနက်နဲသည့်မျက်ဝန်းတစ်စုံ။ ထိုစဥ် သွေးအိုင်တွင်လဲနေ​သောလူက အားယူထကာ အခြောက်တိုက်ရယ်သံဖြင့်
"အဟမ်း...မင်းလည်း Davidလက်သပ်မွေးထားတဲ့ နောက်လိုက်ခွေးတွေတည်းကတစ်ယောက်လား"

ထိုလူစကားကြောင့် ထိုကောင်လေးဘေးတွင်မတ်တပ်ရပ်နေသည့် သူ့နှင့်မတိမ်းမယိမ်းရှိသည့်ကောင်လေးကဝင်ပြောသည်။
"မင်းသိပြီးဘာလုပ်ဖို့လဲ...မကြာခင်သေရတော့မယ်သူက ဒါမျိုးသိပြီးဘာအကျိုးရှိမှာမို့လို့လဲ"

"မကြာခင်သေရမှာဆိုဘဲ....ပြောသာပြောတာ အဖိုကြီးDavidလူယုံတွေက တကယ်လက်မြှောက်ဖို့ကောင်းလောက်အောင်သစ္စာရှိကြတာဘဲ"

ထိုလူစကားကြောင့် ပျင်းရိပျင်းတွဲဖြင့်ရပ်နေသောကောင်လေးက အနားသို့လျှောက်လာကာ ဒူးတစ်ဖက်ထောက်ထိုင်ချလိုက်ပြီး
"အဲ့ဒါကိုသိ​နေရင် ဘာလို့ဒီထဲ ခိုးကြောင်ခိုးဝှက်လာသေးလဲ? ဒီကိုရောက်လာပြီး အေးဆေးစွာနဲ့ပြန်ထွက်ရမယ်ထင်လို့လား?မင်းဟိုဘက်ကိုပေးလိုက်တဲ့ newsတွေကိုငါသိပြီးပြီ။"

ပြောရင်းဖြင့်ထိုကောင်လေးက မတ်တပ်ပြန်ရပ်လိုက်ကာ
"အသက်ရှင်ချင်ရင် အခွင့်ရေးပေးမယ်....as you likeဘဲ...မင်းရွေးချယ်ပါ...မင်းမျက်နှာကြည့်ပြီးရှင်သန်နေရတဲ့ မိသားစုမျက်နှာထောက်ရင် ငါပေးတဲ့အခွင့်ရေးကို လက်မလွှတ်သင့်ဘူးလို့ထင်တာဘဲ"

My roomate (ကျွန်တော့ရဲ့အခန်းဖော်)Where stories live. Discover now