My roomate(ကျွန်တော့ရဲ့အတန်းဖော်)
"လန့်သွားတာဘဲရန်ရယ်....ငါနင့်ကိုပြိုင်ရုံနဲ့ရပြီလို့ပြောတာဘဲကို....ဘာလို့အပင်ပန်းခံရတာလဲ..."
မနက်၉နာရီတည်းက ရန်နေမကောင်းသောကြောင့်ဟူသောအကြောင်းပြချက်ဖြင့် သော်နှစ်သော်အပါအဝင် မြတ်သူစံရော ရှိုင်းစည်သူပါ ရန်တို့အိမ်ရောက်ချလာသည်။
"နေရီသော်....မင်းဒီကိုလာတာ..နေမကောင်းတဲ့သူကို ထိုင်ပွားဖို့လား?"
ရောက်လာတည်းက မျက်နှာကိုရှုံ့မဲ့ကာ ရန့်ကိုအပြစ်တင်သည်လဲမဟုတ်.....သူ့ကိုယ်သူအပြစ်တင်သည်လဲမဟုတ် ထိုင်ပွားနေသော နေရီသော့်ကို မြတ်သူစံက မကျေမချမ်းထပြောသည်။"ငါကစိတ်ပူသွားလို့ပါဟယ်...နင်ကလဲ"ဟုဆိုကာရန့်ဘက်လှည့်ပြီး
"ငါတောင်းပန်ပါတယ်...ရန်ရယ်....အမှန်ငါအစတည်းကနင့်ကို ဝင်မပြိုင်ခိုင်းသင့်ဘူး"
"ဟုတ်တယ်ငါလဲတောင်းပန်တယ်ရန်...နင်ငြင်းကတည်းကငါတို့ လက်လျှော့လိုက်သင့်တယ်"
မျက်နှာငယ်လေးဖြင့် အားငယ်စွာပြောနေသော သော်နှစ်သော်ကိုကြည့်ပြီး ရန်ငိုရမလား၊ရယ်ရမလားမသိတော့။ သူတို့ 'ရန်' ငြင်းနေရဲ့သားနဲ့ အတင်းဝင်ပြေးခိုင်းတာမှန်ပေမဲ့ ရန်ဒီလိုပုံဖြစ်သွားတာက ရန်ကိုယ်တိုင်ကြောင့်ဘဲလေ။ ရန်ပေါ့ပါးသောအပြုံးတစ်ခုကိုဆင်မြန်းလိုက်ကာ....
"သော်နှစ်သော်ရယ်...ဒီလောက်လေးနဲ့ငါမသေသွားပါဘူး....နင်တို့အပြစ်လဲမဟုတ်ဘူး...နင်တို့မှာတဲ့အတိုင်းငါကသာမလုပ်မိလို့ဒီလိုပုံဖြစ်သွားတာ.....တောင်းပန်စရာမလိုပါဘူး"ရန်နှစ်သိမ့်စကားပြောလိုက်မှ သော်နှစ်သော်မ၏မျက်နှာမှာ ပြန်လည်ဝင်းပသွားတော့သည်။
"ဟယ်...ဟုတ်သား...ဘယ်လိုဘဲဖြစ်ဖြစ် ရန်ကနိုင်သွားတာဘဲ....ငါတို့အောင်ပွဲခံသင့်တယ်မလား?..ဟဲဟဲ.."
အပြုံးချိုချိုလေးကို အားနာဟန်လေးပြုံးကာပြောလာသော ယွန်းသော်တာ....။
ထိုစဥ် နေရီသော်ကသတိတရဟန်ဖြင့်
"ရန်နိုင်ရုံတင်ဘယ်ကမလဲ....ရှိုင်းတို့ဘော်လုံးပွဲလဲနိုင်ထားတာကို...အောင်ပွဲမဖြစ်မနေလုပ်သင့်တယ်..."