My roomate(ကျွန်တော့ရဲ့အခန်းဖော်)
Ch-20'ရန်' တို့အုပ်စု sha bushiစားပြီး ပြန်ရန်1st floorဖို့ပြန်ဆင်းဖို့လုပ်စဉ် သော်နှစ်သော်မက ရေမွှေးဝယ်ချင်သေးတယ်ဆို၍ ရေမွှေးဆိုင်ဘက်သို့ရောက်လာခဲ့သည်။
ရန်မမြင်ဖူးမတွေ့ဖူးတာတွေ များနေသောကြောင့် အကြောင်သားငေးနေစဉ်....
"ဟေ့!...ရန်!"ချိုလွင်သောအသံတစ်ခုပြုကာ ရန့်ဆီသို့ကြွရွစွာလှမ်းလာသော စန္ဒကူးမေ...။
ထို့နောက်ရန့်ရင်ခွင်ထဲ ပစ်ဝင်ကာ ပုခုံးကိုလက်ဖြင့်သိုင်းဖက်လာသည်။ ဘာလဲဒီကောင်မလေး?...လူကြားထဲမှာ ရန့်ကိုမှီတွဲကာ ကျီစယ်နေသော စန္ဒကူးမေ လက်ကို 'ရန်'ဆွဲဖြုတ်လိုက်ပြီး...
"နင်ကဒီကိုဘယ်လိုရောက်လာတာလဲ...?""ဒီမှာprogramတစ်ခုရိုက်စရာရှိလို့ရောက်နေတာ..."
စန္ဒကူးမေပြောသောစကားကို ရန်သံသယမဝင်တော့ပါ။ စန္ဒကူးမေက အနုပညာအလုပ်ကိုလုပ်နေရင်း ဆေးကျောင်းတက်နေတဲ့ ဆရာဝန်လောင်းလျာလေးဘဲ...။
"နေပါဦး.... ငါနင့်ကိုတွေ့လိုက်တုန်းကတကယ်အံ့သြသွားတာ...ငါ့မျက်စိများမှားသလားဆိုပြီးတောင်တွေးနေတယ်...တကယ်ကြီးနင်ဖြစ်နေတာဘဲ!"
စန္ဒကူးမေပြောလဲပြောချင်စရာပင်။ ရန့်ကိုသူအပြင်ထွက်ဖို့ အကြိမ်အခါခါခေါ်ဖူးသည်။ အခေါက်တိုင်းကို ရန်အကြောင်းပြချက်မျိုးစုံဖြင့် ငြင်းပစ်ခဲ့သည်လေ။
စန္ဒကူးမေစကားကို ရန်အပြုံးလေးဖြင့်သာတုံ့ပြန်နေစဉ် ဘေးမှရှိုင်းစည်သူက ပျားရည်ပုလင်းလိုက်မြိုချထားသောအသံဖြင့်...
"ရန်....သူငယ်ချင်းလား...?မိတ်ဆက်ပေးလေ..."ရန်ဘာမှပင်အဖြေမပေးရသေးခင် စန္ဒကူးမေက ရန့်လက်မောင်းကို ဖက်တွယ်လိုက်ပြီး
"သူငယ်ချင်းမဟုတ်ပါဘူး...သတို့သမီးလောင်းပါ!...ရန်နဲ့မေနဲ့က ငယ်ငယ်တည်းကလူကြီးချင်းသဘောတူထားတာ"ဘာမှမဖြစ်သလို အပြုံးချိုချိုလေးဖြင့် ရန့်သူငယ်ချင်းတွေကို ဂျင်းထည့်နေသော ကောင်မလေးကိုကြည့်ပြီး ရန်ရယ်ချင်လာသည်။ ဟိုနှစ်ယောက်မှာလဲ စန္ဒကူးမေစကားကို အဟုတ်ထင်ကာရန့်ကို တအံ့တသြကြည့်လာသည်။