My roomate(ကျွန်တော့ရဲ့အခန်းဖော်)
"ရန်နိုင်သူ!.....ရန်နိုင်သူ!...ဟောဟဲ...အမလေးမောတာဟယ်"
ရန့်နာမည်ကိုခေါ်သံကြောင့်လှည့်ကြည့်မိတော့ စာအုပ်တွေကိုကြိုးနဲ့စည်းထားသော အထုပ်နှစ်ထုပ်ကိုင်ကာ ရန့်ဆီသို့ပြေးလာသောကောင်မလေးတစ်ယောက်.....။
ရန်လည်း ကြောင်,အစွာဖြင့်
"ငါ့ကိုသိတာလား...""ဟမ်!"
ရန့်စကားကြောင့် အနှီကောင်မလေးမှာ တအံ့တသြဖြစ်ကာ ပါးစပ်အဟောင်းသားဖြင့်
"ဟယ်..နင်ငါ့မသိဘူးလား?"
ရန် မျက်လုံးအဝိုင်းသားဖြင့်ခေါင်းခါပြမိသည်။"ဟယ်...ငါနင့်အတန်းကecလေဟဲ့"
"သြော်"
"သြော်တဲ့လား...ခေါ်မိတာတောင်နောင်တရချင်သွားတယ်..အမောတောင်ဆို့တယ် ရန်နိုင်သူရယ်"
ရန် ကသြော်လို့တုံ့ပြန်မိသည်နှင့် ထိုကောင်မလေးမှာ မျက်နှာရှုံမဲ့ဖြင့် ညည်းတွားနေလေသည်။
"ကဲ ထားလိုက်...ငါအကူညီတောင်းမို့..ဌာနမှာ စာကြည့်တိုက်ကိုလှူဖို့စာအုပ်တွေအများကြီးရောက်နေတယ်...ဟိုမှာ တတိယနှစ်ကအမနှစ်ယောက်ဘဲရှိလို့ ဝိုင်းသယ်ပေးဖို့လူရှာနေတာ...တွေ့သမျှအကောင်တွေက ငါ့မြင်တာနဲ့ပြေးကုန်လို့...နင်တစ်ချက်ဝိုင်းကူပေး.."
"အင်..ရတယ်လေ..ပေးငါ့ကို"
သူမအကူညီတောင်းသည်ကြောင့် ရန်က သူမလက်ထဲမှစာအုပ်ထုပ်ကို ဆွဲယူဖို့ပြင်တော့ သူမကငြင်းပယ်ဟန်ဖြင့် နောက်ဆုတ်ကာ..
"ရတယ်..ရတယ်...ငါ့လက်ထဲကဟာငါသယ်နိုင်တယ်..ဟိုမှာသွားဝိုင်းသယ်ဖို့ပြောတာ..""ဟမ်...အေအေ"
ရန် ခေါင်းတစ်ညိတ်ညိတ်ဖြင့် ပြန်ဖြေတော့
"ငါသွားနှင့်မယ်...အနောက်ဝိုင်းသယ်ပြီးလိုက်ခဲ့...."သူမက ပြောပြောဆိုဆိုဖြင့် စာအုပ်ထပ်နှစ်ထုပ်ကို ပေါ့ပါးစွာမပြီး သွက်သွက်လက်ဖြင့်ထွက်သွားလေသည်။ ရန်လည်း မူလ စာသင်ခန်းသွားမည့်ဘက်မှ ဌာနဘက်သို့ဦးတည်ချက်ပြောင်းကာ ထိုနေရာမှထွက်လာခဲ့သည်။
ရန်ဌာနရောက်တော့ အဝကကောင်မလေးနှစ်ယောက်က ဝမ်းသာအားရဖြင့်
"စာအုပ်လာဝိုင်းသယ်တာလား မောင်လေး"
ရန်ခေါင်းညိတ်ပြလိုက်တော့
"လာလာ..အထဲမှာရှိသေးတယ်"
ရန် လည်းထိုကောင်မလေးနှစ်ယောက် ခေါ်ရာနောက်သို့လိုက်ကာ ဝိုင်းသယ်ပိုးပေးလိုက်သည်။