Chapter -21

31 7 0
                                    

My roomate (ကျွန်တော့ရဲ့အခန်းဖော်)

နံနက်ခင်းနေရောင်ခြည်သည် သူ၏တာဝန်အတိုင်း အလင်းပေးလျက်ရှိပြီ။ ရန့်မှာတော့ ပျင်းရိပျင်းတွဲ့ဖြင့် ရေချိုးခန်းတွင် မျက်နှာသစ်၊သွားတိုက်ခြင်းကို ပြုလုပ်နေသည်။ ရန်တွေးနေရင်းနဲ့မှ စိုင်းမာန်ခမ်းဆီသို့ အတွေးရောက်သွားသည်။ ရန်ဘဲစိတ်ထင်၍လားမသိ အခုနောက်ပိုင်း စိုင်းမာန်ခမ်း ရန့်ကို ရှောင်နေသလိုပင်။ ရန်နိုးလာလျှင် သူကျောင်းသွားနှင့်ပြီဖြစ်သည်။ ကျောင်းတွင် မြတ်သူစံတို့နှင့်တွေ့လျှင်လည်း အမြဲတပူးတွဲတွဲနေတတ်သောသူ့ကို ရန်မတွေ့ရတော့။ မေးကြည့်လျှင်လည်း အကြောင်းပြချက်မျိုးစုံက အဆင်သင့်။

ညဘက်ဆို 'ရန်' ရောင်နီနှင့် အလုပ်လုပ်ရသောကြောင့် ညနက်တတ်သည်။ ရန်ပြန်လာသည့်အချိန်ကိုအရင်က စောင့်လေ့ရှိသော သူသည်ယခုတော့ ရန်ပြန်လာရင်အိပ်ယာဝင်နေပြီးဖြစ်သည်။ရန်တွေးတွေးစစဖြင့်
"ငါဘာအမှားများလုပ်မိလို့လဲ?"

ထိုစဥ်ရုတ်တရက် ရန့်ခေါင်းထဲဝင်လာသည်က
"အာ...ဟုတ်သားဘဲ!...သူငါ့ကိုပေးထါးတဲ့အချိန်သုံးလ ပြည့်တော့မှာဘဲ!ဟုတ်တယ်!အဲ့ဒါကြောင့်ဘဲဖြစ်မယ်!"
ရန် တကိုယ်ရည်သန့်ရှင်းရေးလုပ်ပြီး အမြဲအဝတ်စားမဝတ်ခင် လုပ်ရသည့် ရင်ကျပ်စည်းကို ရင်ဘတ်တွင် နေရာကျထားကာပတ်လိုက်သည်။ ထို့နောက် လက်ပြတ်စွပ်ကျယ်အဖြူကို တစ်ထပ်ခံဝတ်လိုက်သည်။ ​ယောကျာ်းလေးအဝတ်စားဖြစ်သည့် ပုဆိုးနက်ပြာရောင်နှင့် စတစ်ကော်လံရှပ်ကိုတွဲဝတ်လိုက်သည်။ ကိုယ်လုံးပေါ်မှန်တွင်ပေါ်နေသော ရန့်ပုံရိပ်ယောင်ကိုကြည့်ကာ ခေါင်းမှဆံပင်ပျောခွေခွေတို့ကို လက်ဖြင့်သာပုံကျအောင်လုပ်လိုက်သည်။

"ရပြီ!"

ဒါရန့်ရဲ့တစ်နေ့တာအတွက် ပြင်ဆင်ခြယ်သမှုပင်။ မိန်းကလေးနဲ့ဆိုင်သော ပစ္စည်းများအပြင် ယောကျာ်းလေးအသုံးဆောင်များလဲရန်မသုံးပေ။ ရိုးရိုးရှင်းရှင်းပြင်ပြီး လွယ်နေကျ လွယ်အိတ်ကိုယူကာအောက်ထပ်သို့ဆင်းခဲ့သည်။ အောက်ရောက်တော့ မနက်စာစားရန်မီးဖိုခန်းထဲဝင်လိုက်သည်။ ထင်သည့်အတိုင်းပင်။ စိုင်းမာန်ခမ်း မရှိတော့ပေ။ ကျောင်းသွားပြီထင်၏။ သို့သော် စားပွဲပေါ်တွင် အုပ်ဆောင်းအသေးဖြင့် အုပ်ထားသော စိုင်းမာန်ခမ်း လုပ်ပေးခဲ့သည့် မနက်စာကအဆင်သင့်။

My roomate (ကျွန်တော့ရဲ့အခန်းဖော်)Where stories live. Discover now