My roomate(ကျွန်တော့ရဲ့အခန်းဖော်)"ဒီတစ်ခေါက်ရောက်လာမဲ့ပစ္စည်းတွေကိုရသွားတာဘယ်ကလဲ....."
အမှောင်ထုကြီးစိုးနေသော ခြောက်ခြားစရာအခန်းထဲက စားပွဲရှေ့ဆုံလည်ခုံတွင်ထိုင်နေသောသူတစ်ဦး....။"Davidဆိုတဲ့လူဘက်ကပါ...."
ပြန်ဖြေသောစကားကြောင့် ဆုံလည်ခုံတွင်ထိုင်နေသော လူ၏ပိရိသေသပ်သောနှုတ်ခမ်းများ အထက်သို့ကွေးညွှတ်သွားသည်။..."ဒီအလုပ်တွေလုပ်နေတည်းက တစ်နေ့အဲ့လူကြီးနဲ့တွေ့ရမယ်ဆိုတာသိနေတယ်....ဒါမဲ့ဒီလောက်စောမယ်မှန်းမထင်ခဲ့ဘူး....သူလွှတ်ထားတဲ့လူအကြောင်းသိထားတာရှိလား"
"ကျွန်တော်...စုံစမ်းထားပေမဲ့...ခုထိဘာမှအစရှာမရဘူး...Davidလက်သပ်မွေးထားတဲ့ လူရဲ့မျက်နှာရော...Davidမျက်နှာရော ဘယ်သူမှမမြင်ဖူးကြပါဘူး....ပစ္စည်းတွေကိုလည်း လူယုံကတဆင့်လက်ခံတယ်ကြားပါတယ်"
"အဟက်...ဒီလိုလုပ်ငန်းကြီးလုပ်ကိုင်နေတဲ့သူဘဲ ဒီလောက်တော့ ကြိုတင်မပြင်ဆင်ဘဲနေပါ့မလား.....သူတို့ထဲကို...ငါတို့ဘက်ကခိုတေွလွှတ်လိုက်....ပြီးတော့ ဧည့်သည်ကိုကြိုဆိုဖို့ပြင်ပါ...ရောက်လာတဲ့သူကရောက်လာပြီဘဲ...ဧည့်ခံရမဲ့သူကဧည့်ခံရမှာပေါ့"
"ဟုတ်ကဲ့...ကျွန်တော်စီစဥ်လိုက်ပါ့မယ်"
.....................................Ring....Ring.....📞📞📞
ရန် အိတ်ကပ်ထဲမှအသံမြည်နေသောဖုန်းကိုထုတ်ကာကြည့်လိုက်တော့ ဆက်သူကရောင်နီ
"အင်း..ပြော...
အင်...လာခဲ့မယ်"လိုရင်းတိုရှင်းပြောကာ ရန်ဖုန်းချလိုက်သည်။
ရန် စိုင်းမာန်ခမ်းပြောတဲ့အတိုင်းYBSစီးကာ မတောက်တခေါက်နဲ့ marketတော့ရောက်လာခဲ့သည်။ ပစ္စည်းတွေလိုက်ကြည့်ရင်း လိုမယ်ထင်တာလေးတွေ ရွေးယူလိုက်တာ အတော်ပင်များသွားပြီ။ ထို့နောက်ငွေချေကာ ထိုနေရာမှထွက်လာခဲ့သည်။"ဘယ်မှာလည်းပစ္စည်းတွေ?.."
"အနောက်မှာပါ..."
ရန် ရောင်နီဦးဆောင်ခေါ်ရာနေရာသို့လိုက်လာခဲ့သည်။"ငါကြားသလောက် ဒါကိုလိုချင်တဲ့သူရှိသေးလားလို့...."
"ဟုတ်ကဲ့ Dc groupရဲ့CEO Jamesပါ....ပြီးခုနောက်ပိုင်း သူ့လူတွေကျွန်တော်တို့နောက်လိုက်နေပါတယ်..."