My roomate(ကျွန်တော့ရဲ့အခန်းဖော်)
Ch-3"နှင်းမူယာ..မင်းကိုငါဘယ်နှစ်ခါပြောရမလဲ..ငါ့နောက်ကထောက်လှမ်းရေးတွေလွှတ်မနေပါနဲ့လို့...ငါကဘာလဲ..ရာဇဝတ်သားမို့လို့လား..မင်းမျက်စိထဲမှာ ငါဆိုတဲ့အကောင်က အဲ့အဆင့်လောက်ဘဲရှိလား?.."
ဦးစိုင်းစည်ခမ်းနှင့်ဒေါ်နှင်းမူယာတို့ ဧည့်ခန်းထဲတွင်စကားအခြေတင်များနေကြသည်။..
"ဟုတ်တယ်..ကျွန်မမျက်စိထဲမှာတော့ရှင်ကအဲ့လိုဘဲ...ကိုယ့်ယောကျာ်းကိုယ်စိတ်မချလို့ လိုက်ကြည့်ခိုင်းတာဘာဖြစ်လဲ...မရဘူးလား.."
ဦးစိုင်းစည်ခမ်းမှာ ဒေါသထွက်ပြီး ဖြစ်နိုင်ရင် ဒေါ်နှင်းမူယာ ကိုကိုင်ပေါက်ချင်မိတဲ့ ပုံစံမျိုးဖြစ်နေပေမဲ့ ဒေါ်နှင်းမူယာကတော့ ဝိုင်ခွက်ကိုင်ကာ ဆိုဖာထက်မှာ အေးဆေးတည်ငြိမ်စွာ ထိုင်နေသည်။...နံ့သာရောင်ပေါ်မှာ အမဲပွင့်လေးများ စီခြယ်ထားတဲ့ မြန်မာဝမ်းစက်နှင့် ဆံပင်ကိုကပိုကရိုထုံးဖွဲ့ထားသည့် ဒေါ်နှင်းမူယာအလှမှာ ရင့်ကျက်တည်ငြိမ်သည့်ဂုဏ်ကို ပေါ့လွင်သေသည်။ လည်ပင်းမှ စိန်နီဘယက်မှာလည်း တဝင်းဝင်းနှင့် အလှကိုပံ့ပိုးနေသည်။..
"မင်းအဲ့လိုခပ်ကျက်ကျက်လုပ်နေ...မင်းရဲ့ အဲ့သံသယစိတ်တွေက တကိုယ်လုံးဖုံးပြီး သုံးစားလို့မရတော့တာကော..မင်းသိလား.."ဒေါ်နှင်းမူယာ ကတည်တည်ငြိမ်ဖြင့် တိုးညှင်းသောအသံပြုကာ
"သုံးစားမရတော့ဘူးတဲ့လား...ကျွန််မသာသုံးစားမရဘူးဆိုရင် ရှင်ဒီနေရာဒီလိုချမ်းသာမှုမျိုးနဲ့ နေနေရမှာမဟုတ်ဘူး..ဘာလဲရှင်ကအခု တိုးတက်နေပြီဆိုတော့...အောက်ခြေလွတ်တာလား?..."ထိုစကားတွေကို သူငြင်း၍မရ ဒေါ်နှင်းမူယာ၏ မိသားစုအကူညီကြောင့်သာ အမတ်ကိုယ်စားလှယ်လောင်းနေရာကို သူရောက်ခဲ့ခြင်းဖြစ်သည်။...
ဒေါ်နှင်းမူယာလက်ထဲက ဝိုင်ခွက်ကို ဖန်စားပွဲပေါ်သို့ ခွက်ခနဲမြည်အောင်ချလိုက်ကာ မတ်တပ်ရပ်ပြီးလေသံမာမာဖြင့်
"ဒီမှာကိုစိုင်း...ရှင့်ဘဝမမေ့စမ်းပါနဲ့...ကျွန်မအကူညီမပါဘဲနဲ့ ရှင်ဒီလိုဘဝမျိုး မရနိုင်ပါဘူး...ပြီးတော့ ရှင်လုပ်တဲ့ အလုပ်က လူတကာကို ပြုံးပြပြီး ဆက်ဆံရတဲ့အလုပ်...စနိုက်ကြော်ချင်တဲ့မိန်းမမျိုးနဲ့ တွေ့မှာဆိုးလို့ပါ...ရှင်သိတာဘဲ ကျွန်မပိုင်တဲ့ပစ္စည်းဆို သူများလုယူတာကိုမခံနိုင်တာ..ရှင်ကကျွန်မတွက် ပိုင်ဆိုင်မှုပစ္စည်းတစ်ခုဘဲ.."