My roomate (ကျွန်တော့ရဲအခန်းဖော်)
Ch-25ဖြူဆွတ်ပြာလွင်သော တိမ်တိုက်တို့အစား ပုဇွန်ဆီရောင် တိမ်တိုက်တို့က ကောင်းကင်တွင်နေရာယူလျက်ရှိနေပြီ။ နေဝင်ချိန်အိပ်တန်းတက်သည့် ငှက်ငယ်တို့ကလည်း တေးသံကျူးရင့်ကာ နားခိုရာအရိပ်သို့ ဝင်ခိုရန်ပြင်ဆင်လျက် ပျံသန်းနေကြလေပြီ။ အိမ်ကြီးတစ်အိမ်၏ မီဖိုခန်း၊ ထမင်းစားခန်းဟု အမည်ရသော အခန်းငယ်လေးတွင် စိတ်ပျက်လက်ပျက်ဖြင့် အသိစိတ်လွတ်နေသည့် လူတစ်ယောက်ဟန် ဖော်ဆောင်သော ကောင်လေးတစ်ယောက် ရှိနေသည်။ မြတ်နိုးပိုင်ဆိုင်ရသော အရာတစ်ခုကို ဆုံးရှုံးလိုက်ရသည့်ဟန် အလွန်အကျူး ဖော်ပြနေသော မျက်နှာထားဖြင့် မှိုင်တွေငေးမောနေသည်။
"ဟူးး!"
သက်ပြင်း၊သက်မတွေကို အကြိမ်ကြိမ်အခါခါရှိုက်ပြီး တောင်စဉ်ရေမရတွေးတောနေသည်မှာ ထိုကောင်လေးပြေးထွက်သွားပြီးတည်းက။ မာန်ခမ်းဘာဆက်လုပ်ရမည်လဲ?...ရှိသမျှအနာဂတ်တွေ၊မျှော်လင့်ချက်တွေ့ ပျောက်ဆုံးသွားသလိုခံစားနေရသည်။
မမျှော်လင့်ထားခဲ့ဘူး။ မတွေးထားခဲ့ဘူး။ ကိုယ့်ရင်ထဲကအချစ်တွေကို ဒီလိုပုံစံမျိုးနဲ့ထုတ်ဖော်ဖွင့်ပြောရမယ်လို့မထင်ထားခဲ့ဘူး။ ဒါပေမဲ့ ယောကျာ်းတစ်ယောက်ဆီက ချစ်တယ်ပြောခံရလို့ဆိုပြီး ဆွဲထိုးမခံလိုက်ရတာက အဆိုးထဲကအကောင်းပေါ့........။...............................
စန္ဒကူးမေ ရှိသမျှအလုပ်တွေ ကြော်ငြာကိစ္စတွေအကုန်ပစ်ပြီး ရန်၏သိုလှောင်ရုံအိမ်သို့ ပြေးလာရသည်။ အကြောင်းရင်းမှာ အခြားမဟုတ် သူ့သခင်မျက်နှာမကောင်းဘူး ဟုဆိုပြီး မေ့ကိုအလောတကြီးလှမ်းခေါ်သော ကိုယ်တော်ချောရောင်နီကြောင့်ပင်။
မေရောက်လာတည်းက အခန်းထဲတွင် စောင်ခေါင်းမှီးခြုံကာ ကွေးနေသောရန်။ ဘာဖြစ်လို့လဲ?ဘာကြောင့်လဲဟူ၍ မေးခွန်းတစ်ခုမှမေးမရချေ။ သေချာသည်။ ရန် စိုင်းမာန်ခမ်းနှင့်ရန်ဖြစ်လာတာဖြစ်မည်။ သွေးပူတုန်းမို့ဘာမှမမေးတော့ဘဲ ရန်စားဖို့စီစဉ်ရန် မီးဖိုခန်းသို့ထွက်လာလိုက်သည်။
သို့သော် ရောင်နီ့အိမ်ကြီးအိမ်ကောင်း၏ မီးဖိုခန်းကိုကြည့်ပြီး မေ၏အစားအသောက်လုပ်ပေးချင်သော စိတ်များပင်ပျက်ယွင်းသွားရသည်။ စားပွဲခုံနှင့် မီးဖိုခုံအပါဝင် နံရံများမှာ ဖုန်းအလိမ်းလိမ်းတက်နေသည့်အပြင် ရေညှိပါအစစ်ပါဝင် တက်နွယ်နေသေးသည်။ ထိုအချင်းအရာကိုကြည့်ပြီး မေ၏ပါးစပ်များ ဝိုင်းစက်သွားသည်အထိ အံသြနေမိသည်။ ယောကျာ်းလေးများ၏ ဖြစ်သလိုနေနိုင်၊ စားနိုင်သည့် စိတ်ဓာတ်ကို မေသြချလောက်သည်အထိ လေးစားသွားသည်။