Chapter-15

29 8 0
                                    

My roomate(ကျွန်တော့ရဲ့အခန်းဖော်)

ယနေ့ကျောင်းတွင် ကျောင်းပေါင်းစုံအားကစားပြိုင်ပွဲရှိ၍ ရန်စောထကာ သော်နှစ်သော်ဟုအမည်တွင်သော Ecမဖြစ်သည့်နေရီသော်နှင့် ယွန်းသော်တာကို ဝိုင်းကူရန်ကျောင်းစောသွားဖို့ပြင်ဆင်နေသည်။
Hotelတွင်ဖြစ်ခဲ့သည်ကိစ္စပြီးဆုံးလို့ နှစ်ပတ်ပင်ကြာခဲ့ပြီ။ စိုင်းမာန်ခမ်း ရန့်ကိုထူးထူးဆန်ပြောတာ၊လုပ်တာတွေမရှိပေမဲ့ ထိုနေ့အပြီးစကားတစ်ခွန်းတော့ မေးလာလေသည်။
"မင်းမှာ...အမွှာညီမတွေဘာတွေရှိလား?"တဲ့.......။
မေးသင့်ပါသည်။ အဲလိုမမေးမှသာ စိုင်းမာန်ခမ်း ထူးဆန်းနေမှာအမှန်ပင်။ ရန်ဘာမှမသိသလို အူကြောင်ကြားမျက်နှာပေးဖြင့်
"မရှိပါဘူး! ဘာလို့?"
"ဒီတိုင်းမေးတာပါ....ဘာမှမဟုတ်ဘူး"

.............................

ကျောင်းတွင်အားကစားပွဲရှိသည်မို့ ကျောင်းပေါင်းစုံမှကျောင်းသားများ ကျောင်းဝင်းထဲတွင် ပျားပန်းခပ်လှုပ်ရှားနေကြသည်။ ကျောင်းတစ်ကျောင်းကို အရောင်တစ်ခုကိုယ်စားပြုသတ်မှတ်ပြီး ထိုကျောင်းမှကျောင်းသူ၊သားများက ဆင်တူဝတ်ထားကြသည်။ ရန်သည်လည်း ရန်တို့ကျောင်းကိုယ်စားပြုသည့် အပြာရောင်ရှပ်ကို ဂျင်းအနက်ရောင်နှင့်တွဲဝတ်ထားသည်။

စိုင်းမာန်ခမ်း၊ မြတ်သူစံနှင် စည်သူရှိုင်းတို့က ကျောင်းfootball clubအဖွဲ့ဝင်များဖြစ်သည့်အလျောက် သည်ပြိုင်ပွဲတွင်လဲ သူတို့ဝင်ကစားရမည်ဆိုသောကြောင့် ရန် သော်နှစ်သော်နှင့်အတူ သကောင့်သားတို့ကိုအားပေးရန် ဘောလုံးကွင်းဘေးရှိ သူတို့အဖွဲ့အနားယူရာနေရာတွင်ရောက်နေကြသည်။
ရန့်ကို အတူဝင်ကစားရန် clubဝင်ဖို့တိုက်တွန်းသော်လည်း ရန်၏အတင်းကာရော ငြင်းပယ်မှုကြောင့် မြတ်သူစံတို့လက်လျှော့သွားရသည်။ ရန်ကမပြည့်စုံမှုနဲ့ လူကြားထဲလွတ်လပ်စွာနေခွင့်မရှိသည့် ကြီးမားသောလျို့ဝှက်ချက်ကြီးကို ကိုင်ဆောင်ထားရသူမလား။......

မကြာမီပင် မြတ်သူစံတို့ အဝတ်လဲပြီး၍ ကွင်းထဲသို့ဝင်ရောက်လာကြသည်။ ရန်တို့အနောက်ဘက် ပွဲကြည့်စင်တွင်ထိုင်နေသော ကောင်မလေးများထံမှ ကြွပ်စိကြွပ်စိအသံများလဲ ညံလာလေသည်။

My roomate (ကျွန်တော့ရဲ့အခန်းဖော်)Where stories live. Discover now