My roomate (ကျွန်တော့ရဲ့အခန်းဖော်)
Ch-22ညနေခင်းအချိန်က ထွန်းတောက်ခဲ့သော အနီရောင်တိမ်တို့ ပျောက်ကွယ်ကာ အမှောင်ထုတို့ကြီးစိုးလာသည်။ အဆောက်အအုံ တစ်ခု၏ အနောက်ဘက် လူရှင်းသည့်လမ်းကြားထဲမှ အမှောင်ရိပ်အောက်တွင် သွေးအလိမ်းလိမ်းနှင့် လဲကျနေသောလူများအကြား ထိုင်နေသော ကောင်လေးတစ်ယောက်။
"အင်...တိုက်အမှတ်(__)အနောက်ကိုလာခဲ့!"
ရန်ရောင်နီ့ကိုဖုန်းဆက်ခေါ်ပြီး ရန့်ရှေ့တွင်ပုံပျက်နေသော အသက်မရှိသည့် ခန္ဓာကိုယ်များကို စိတ်ပျက်လက်ပျက် ကြည့်မိသည်။ ရန့်တစ်ကိုယ်လုံးနုံးချိကာ ဝမ်းဗိုက်ကဓားဒဏ်ရာမှ နာကျင်မှုက ကိုက်ခဲလာသည်။ တစ်ကိုယ်လုံးဒဏ်ရာဗရပွဖြင့် ဝတ်ထားသော အကျီရှပ်အဖြူနှင့် ပုဆိုးတို့မှာလည်း သွေးများဖြင့်ပေကျံကာ ရုပ်မထွက်တော့ချေ။ ရန်တအားပင်ပန်းနေသည်။ ခြေလက်တွေကိုပင်မသယ်ချင်တော့။ သို့သော် ရန့်စိတ်ထဲတွင် ထူးဆန်းစွာ စိုင်းမာန်ခမ်း ကိုသတိရမိနေသည်။ သူရှိရာ ထိုအိမ်သို့ရန်အရမ်းပြန်ချင်နေသည်။ ထိုအိမ်ကိုရောက်လျှင် ရန်ပင်ပန်းနေသည်များ ပြေလျော့သွားမည်လား။
ရန်တို့ သိုလှောင်အိမ်ကြီးနှင့် ဒီနေရာကသိပ်မဝေးသောကြောင့် ရောင်နီအချိန်ခဏလေးအတွင်းပင်ရောက်လာသည်။ ရန်မတ်တပ်ရပ်လိုက်ပြီး ရောင်နီ့အနားသို့သွားကာ
"ငါကားတစ်စီးယူသွားမယ်...ငါလဲဝတ်ဖို့အဝတ်ပါလာတယ်မလား?""ဟုတ် ပါ,ပါတယ်....သခင်လေးဒဏ်ရာကိုဆေး..."
"ရတယ်....ငါကြည့်လုပ်လိုက်မယ်! မင်းဒီကကိစ္စကိုသေချာရှင်းလိုက်...နောက်ဆက်တွဲဘာအသံမှမကြားချင်ဘူး!"
ရောင်နီပြောမည့်စကားတို့ကို ဖြတ်ပြောကာ ကားသော့ယူပြီး ကားအနောက်ခန်းထဲဝင်လိုက်သည်။
ထို့နောက် ကားမှန်တင်ကာ ရောင်နီအလိုက်တသိယူလာသော
ချည်သားဘောင်းဘီအနက်ရောင်နှင့် တီရှပ်အနက်ရောင်ကိုလဲဝတ်ရန် ပြဲစုတ်ညစ်ပတ်နေသော အကျီတို့ကိုချွတ်လိုက်သည်။ ရှပ်အကျီဖြူကို ချွတ်ပြီးနောက် ကျန်နေသေးသည့် လတ်ပြတ်အဖြူရောင်ကို လှန်ကာ အနားရှိရေဘူးနှင့် ဒဏ်ရာကိုရေဆေးချလိုက်သည်။
ရေထိလိုက်သည်နှင့် တပြိုင်နက် စပ်ဖျင်းမှုကနှစ်ဆတိုးလာသည်။ ရန်နာကျင်မှုကြောင့် အံကြိတ်ထားသည်မှာ မေးရိုးတွေတင်းပြီး အကြောပင်ထောင်ကာ မျက်နှာများနီရဲနေသည်။