My roomate(ကျွန်တော့ရဲ့အခန်းဖော်)
Ch-6
"သားပြန်လာပြီလား?..မေမေလေး breakfast ပြင်ထားပေးတယ်..."
အိမ်ထဲဝင်လာသော သူ့ကိုမေမေလေးက ပြုံးပြနှုတ်ဆက်သည်။..
"အများကြီးဘဲမေမေလေး...ကျွန်တော်အဲ့လောက်မစားနိုင်တာသိရက်နဲ့..."
စားပွဲအပြည့်တည်ခင်းထားသော စားဖွယ်သောက်ဖွယ်တို့ကိုကြည့်ကာ မာန်ခမ်းမေမေလေးကို အပြုံးဖြင့်ဆိုမိသည်။..
"သားရှိတုန်းလေး..ဖွယ်ဖွယ်ရာရာ လုပ်ပေးချင်လို့ပါ..မင်းdaddyနဲ့ညီမကပြင်ထားပေးရင် မစားဘဲ တို့ကနဲဆိတ်ကနဲ နဲ့ထွက်ထွက်သွားတယ်...မင်းတစ်ယောက်ဘဲ ကောင်းကောင်းမွန်မွန် စားတာ..."
မေမေလေးအပြောကို သူအပြုံးဖြင့်သာ တုံ့ပြန်မိသည်။
မေမေလေးနဲ့သူ ဟိုဟိုဒီဒီ ပြောပေမဲ့ ဒယ်ဒီနှင့်တော့သူစိမ်းသည်။ ဖေဖေနဲ့မေမေပြသာနာတေွနဲ့အလုပ်ရှုပ်နေချိန် မေမေလေးနဲ့ညီမလေးက သူ့အဖော်ဖြစ်ခဲ့သည်။..
"ကိုကို"
ခေါ်သံလာရာလှည့်ကြည့်မိတော့ (၁၁)နှစ်အရွယ်ညီမဖြစ်သူ 'ဆိုင်းမာယာ' ...
ဒယ်ဒီနှင့်မေမေလေးတို့အိမ်ထောင်ပြုပြီးတော့ ကျွန်တော့ဘဝထဲကိုအသစ်ရောက်လာတဲ့အဖေတူအမေကွဲညီမလေး...
"ကိုကို...ရန်ကုန်ပြန်မှာဒီနေ့လား..ဧည့်ခန်းထဲမှာအထုပ်တွေတွေ့တယ်.."
"အင်း..ဟုတ်တယ်"
"သား..စိုင်း..ဟိုမှာဂရုစိုက်နဲ့နော်..အစားမှန်မှန်စား..တစ်ခုခုအရေးကိစ္စရှိရင်လဲဖုန်းဆက် သိလား...မေမေလေးကူညီနိုင်တာရှိရင်လည်းပြောနော်.."
မာန်ခမ်းရယ်ကျဲကျဲဖြင့်သာ..
"ဟုတ်ကဲ့ပါ..မေမေလေးရယ်..ကျွန်တော်ဂရုစိုက်ပါ့မယ်..."ပြောရင်းဖြင့် မာန်ခမ်းအစားကိုလက်စသတ်ကာ ဧည့်ခန်းသို့ထွက်လာသည်။
မာန်ခမ်းကျောပိုးအိတ်ကိုကောက်လွယ်ရင်း နောက်တွင်ပါလာသော မေမေလေးနှင့် ညီမလေးဘက်သို့လှည့်ကာ..
"ကျွန်တော်သွားတော့မယ်...ဟေ့..မာယာ..မေမေလေးကိုဂရုစိုက်နော်... အရမ်းမဆိုးနဲ့..."
"သူလားဂရုစိုက်မှာ...ငါကဘဲပြန်မဂရုစိုက်ရရင်ကံကောင်း..."
မေမေလေးက မာယာ့ကိုမျက်စောင်းထိုးရင်းပြောတော့...
"ဟာ..မေမေကလဲ..သမီးဆိုအကောင်းကိုမပြောဘူး..."
မေမေလေးနှင့် မာယာကခြံဝထိလိုက်ပို့သည်။ အိမ်ကdriverနှင့်မန္တလေးထိသူကားဖြင့်သာသွားသည်။ မန္တလေးအရင်ကနေခဲ့တုန်းက ရပ်ကွက်ထဲကနန်းရဲ့အိမ်အဟောင်းလေးဆီသို့သူအခြေနေဝင်ကြည့်ပြီးမှ ရန်ကုန်သို့ရထားဖြင့်ခရီးဆက်သည်။
မန္တလေးမှရန်ကုန်သို့ တိုက်ရိုက်ခရီးစဥ်တွေရှိသော်လည်း..သူရထားဖြင့်တမင်သွားခြင်းဖြစ်သည်။
လွယ်ကူတာကို ခက်အောင်လုပ်သည်ဟုဆိုနိုင်သော်လည်း မာန်ခမ်းအတွက်တော့ ရထားဖြင့်သွားခြင်းက ခရီးသွားရခြင်းအနှစ်ကိုခံစားရစေသည်။.......
။ ။ ။ ။ ။
"ဟာ!...မိုးကလည်းလုပ်ပြီ....ဆောင်းတွင်းကြီးကိုမိုးရွာချတော့..ဒီမှာသေပြီပေါ့..."
ရန်တစ်ယောက် ရန်ကုန်ကိုခုမှစရောက်ခြင်းဖြစ်သည်။ လူဦးရေများပြားလှတဲ့ ရန်ကုန်မြို့ကြီး 'ရန်'တစ်ယောက် ခြေချလိုက်သည်နှင့်တစ်ပြိုင်နက် သေချင်စော်နံသွားသည်။
ဘူတာရုံထဲမှာ လာမည့်ရထားကို စောင့်နေသည့်သူတွေ....။ ဆိုက်ကပ်လာသောရထားမှ ဆင်းလာသည့်သူတွေကြားမှာ ရန်ခြေချင်းလိမ်နေသည်။
ထိုစဥ် 'ရန်' ရထားပေါ်သို့လှမ်းအတက်......
"ဘုန်း"ဆိုသည့်အသံနောက်...
ရထားပေါ်မှဆင်းလာသူတစ်ဦးနှင့် တိုက်မိရာ 'ရန်'နောက်သို့လန်အကျမှာ အကျနာမည်ဟုထင်မှတ်ထားသော်လည်း ခံစားရလိုက်သည်မှာ ထိုသို့မဟုတ်...။
'ရန်' စုံမှိတ်ထားသည့် မျက်လုံးကိုဖွင့်အကြည့်မှာ 'ရန့်' ဘေးတွင်လဲနေသည့် သူတစ်ယောက်။
ဘေးနားမှာလည်း စာရွက်တွေပြန့်ကျဲနေသည်။
ထိုစဥ်'ရန်'ခံစားရလိုက်သည်က'ရန့်'ကေျာပြင်အောက်ကခံထားပေးသည့် တစ်စုံတစ်ယောက်၏လက်မောင်း....
"ကောင်လေးတွေ...အဆင်ပြေရဲ့လား..."
လူကြီးတစ်ယောက် လှမ်းမေးလိုက်သည့်စကားကြောင့် 'ရန်' တို့နှစ်ယောက်အသိစိတ်ဝင်ကာ...
"အဆင်ပြေရဲ့လား?"
တစ်ဖက်လူထံမှမေးလာခဲ့ခြင်းဖြစ်သည်။
"ပြေပါတယ်..ခင်ဗျားရော..."
'ရန်'သူ့အမေးကိုဖြေရင်း ခါးကိုထောင်မတ်လိုက်ရာ စူးခနဲ ခံစားသွားရသည်။သူလက်ဖြင့် ခံထားသောကြောင့် ကျောမနာသောလည်း ကျသည့်အရှိန်ဖြင့်ခါးမျက်သွားလေပြီ။
နာကျင်မှုကြောင့် ရှုံ့မဲ့နေသော ရန့်ကို
"ရရဲ့လား...ခါးနာသွားမယ်ထင်တယ်..."
"ရတယ်..ရတယ်..ဘာမှမဖြစ်ဘူး...အကိုရောအဆင်ပြေရဲ့လား?"
'ရန်'သူ့ကို ပြန်ဖြေရင်း ဒုတိယကြိမ်ထပ်မေးမိပြန်သည်။
"ကျွန်တော်က..ကျော်ပိုးအိတ်နဲ့မို့ ဘာမှမဖြစ်ဘူး..."
မာန်ခမ်းဖြေသာဖြေသည် သူလည်းမီးညှောင်ရိုးတော့ အောင့်သွားသည်လေ..။မာန်ခမ်းဖြေရင်းနဲ့ ကုန်းထပြီး ပြန့်ကျဲသွားသော ပစ္စည်းတွေကို ကုန်းကောက်နေစဥ်.....
"ဟင်!...အို...အို...ရ..ရထားထွက်နေပြီ..."
အသံကြောင့်မာန်ခမ်းလှည့်ကြည့်မိတော့....သူကပြေးနေရင်း..မာန်ခမ်းကိုလှည့်ကြည့်လှည့်ကြည့်ဖြင့်...
"ဟို...အကိုလား..ညီလားမသိဘူး..ကျွန်တော့ရထားထွက်ပြီမို့လို့...sorryနော်...ပစ္စည်းကူမကောက်ပေးတော့ဘူး..sorry..sorry"
မာန်ခမ်းခေါင်းညိတ်ပြမိသည်။သူရထားလိုက်မီပြီး ရထားပေါ်ရောက်သွားမှ မာန်ခမ်းလည်းအကြည့်လွှဲကာ..ပစ္စည်းတွေကိုကုန်းကောက်သည်။
ထိုတစ်ယောက်ကို ရင်းရင်းနှီးနှီးသိသလို ခံစားမိသည်။ မာန်ခမ်းခေါင်းထဲမှာ အတွေးတွေ ပလုံစီရှုပ်ယှက်ခတ်ကုန်သည်။
ထိုစဥ်မာန်ခမ်းကောက်ယူလိုက်သော စာရွက်အောက်မှ gasမီးခြစ်လေးတစ်လုံး...
"ဒါ..ခုနကတစ်ယောက်ဟာဖြစ်မယ်...သူလဲ..'နန်း'လိုပြာကလက်စိန်လေးဘဲ..."
မာန်ခမ်းတွေးရင်း ကိုယ့်ကိုယ်တောင်မသိဘဲ မီးခြစ်ဘူးလေးကိုကြည့်ရင်း ပြုံးနေမိသည်။
ထိုစဥ် မာန်ခမ်းခေါင်းထဲ ဖြတ်သန်းသွားသော အလင်းတန်းတစ်ခု....
"ဟား..မဖြစ်နိုင်တာ...ခုနကတစ်ယောက်က သန်သန်မာမာ ယောကျာ်းတစ်ယောက်ပါ..နန်းမဖြစ်နိုင်ဘူး..."
မာန်ခမ်း အောင့်သက်သက်ရယ်ရင်း ခေါင်းကိုတဆတ်ဆတ်ခါကာ..
"ဟ..နန်းရေ...ငါလည်းမင်ကြောင့်ရူးနေပြီထင်တယ်.."