Chapter-28

22 7 0
                                    

My roomate (ကျွန်တော့ရဲ့အခန်းဖော်)
Ch-28

ဆေးရုံရှေ့တွင် ဘရိတ်အုပ်သံကျယ်လောင်စွာနှင့် ဆိုက်ရောက်လာသော အနက်ရောင်ကားတစ်စီး။ ထိုကားရပ်ရပ်ချင်းပင် ဘိုသီဘတ်သီ ပြေးထွက်လာပြီး ဆေးရုံထဲသို့လျှပ်စီးအလျင်ဖြင့် ဝင်သွားသောကောင်လေးတစ်ယောက်။ ထိုကောင်လေး၏ မျက်နှာမှာမူ ဖြူစုတ်နေပြီး တစ်စုံတစ်​ယောက်အား အလွန်အမင်းစိတ်ပူနေဟန်။

စိုင်းမာန်ခမ်းနှင့် မြတ်သူစံတို့ အခြားကျောင်းကလူများနှင့် ရန်ဖြစ်ပြီး ဒဏ်ရာရကာ ဆေးရုံရောက်နေသည်တဲ့။ ယွန်းနှင့် နေရီသော်ကလည်း မိန်းကလေးချည်းဆိုတော့ ဘာလုပ်လို့ဘာကိုင်ရမယ်မှန်းမသိဘဲ ရန့်ဆီအားကိုးတကြီးဖုန်းဆက်လာသည်။ ရန်အထွေထွေကုဌာနဘက်သို့သွားကာ ဘေးမှဖြတ်လျှောက်သွားသော nurseကိုလှမ်းဆွဲလိုက်ပြီး
"ဟို...ဆရာမ....ဒီမှာရန်ဖြစ်လို့ရောက်လာတဲ့ လူနာရှိလား?...."

"အော်...ခုနကရောက်လာတဲ့ကောင်လေးသူံးယောက်ထင်တယ်...တစ်ယောက်ကဒဏ်ရာကြီးလို့ အရေးပေါ်ခန်းထဲမှာ...ဒီကနေညာဘက်ကိုချိုးလိုက်ရင် အရေးပေါ်ဌာနအဆောက်အအုံကိုတွေ့ပါလိမ့်မယ်..."

"ဗျာ!"
Nurseဆရာမဖြေကြားလိုက်သောစကားကြောင့် ရန့်ခေါင်းများကျိန်းစပ်ကာ ချာချာပင်လည်သွားသည်။ ထို့နောက် ခြေလှမ်းအစုံက ထိုnurseဆရာမ ညွှန်လိုက်သော အဆောက်အဦးဘက်သို့ ပြေးလွှားမိသည်။

ရန်ပြေးနေရင်း ခေါင်းထဲတွင် အရေးပေါ်ခန်းထဲရောက်နေသောသူမှာ စိုင်းမာန်ခမ်းမဖြစ်ပါစေနဲ့ဟု ဆုတောင်းနေမိသည်။ ထိုသို့တွေးလို့ သူငယ်ချင်းကိုပစ်ပယ်ပြီး ဘက်လိုက်သည်ဟုတွေးလျှင်လည်း မငြင်းတော့ပါ။ ရန့်စိတ်ထဲတွင် အခု စိုင်းမာန်ခမ်းထိခိုက်ဒဏ်ရာ မရဖို့အရေးသာရှိသည်။

ရန် ထိုဌာနရောက်တော့ အရေးပေါ်ခန်းတစ်ခုရှေ့တွင် ထိုင်နေသော ကောင်မလေးနှစ်ယောက်နှင့်ကောင်လေးနှစ်ယောက်ကိုတွေ့လိုက်သည်။ ရန်ထိုလေးယောက်နားသို့ ဖြေးညှင်းစွာလျှောက်ပြီး အသာကြည့်မိတော့ ယွန်းနှင့်နေရီ။ ထို့နောက် သူတို့ဘေးကကောင်လေးနှစ်ယောက်ကို ရန် တုန်ရင်စွာကြည့်မိသည်။ ထိုသူနှစ်ယောက်မှာ ရှိုင်းစည်သူနှင့် မြတ်သူစံ။ ဒါ....ဒါဆို မာန်...မာန်ရော။

My roomate (ကျွန်တော့ရဲ့အခန်းဖော်)Where stories live. Discover now