Chapter-31

25 6 0
                                    

My roomate (ကျွန်တော့ရဲ့အခန်းဖော်)

အထက်တန်းစားတို့ စံစားရန် အဆင့်တန်းမြင့်စွာ ပြင်ဆင်ခြယ်သထားသော ဂျပန်ရိုးရာစားသောက်ဆိုင်တစ်ခု။ ဧည့်သည်များတည်ခင်းရန်အတွက် ရိုးရာအိမ်သဏ္ဍာန် အခန်းငယ်များဖွဲ့စည်းထားပြီး စားပွဲထိုးနှင့် မန်နေဂျာမှအစ တစ်ဆိုင်လုံးရှိ အလုပ်သမားအဆုံး အကုန် ဂျပန်ရိုးရာဝတ်စုံ ကီမိုနိုကို ဝတ်ဆင်ထားကြသည်။ ထိုအထက်တန်းဆန်ဆန် ဆိုင်တွင်းသို့ လျှောက်လှမ်းလာသော မိန်းမလှလေးတစ်ဦး။

ဖိနပ်ချွတ်၍ ဝင်ရသော စင်္ကြန်လမ်းတစ်လျှောက် လျှောက်လှမ်းလာသော ထိုမိန်းကလေးခြေထောက် နုနုလှလှ၏ ခြေသည်းကြည်ကြည်များကို စိုရဲသော ခြေသည်းဆိုးဆေးများ လှပစွာတင်ထားသည်။ တည်တင်းနေသော အပြုံးမဲ့မျက်နှာထားသည် မျက်နှာလှလှ ပေါ်တွင် လိုက်ဖက်စွာ တင့်တယ်လျှက်ရှိသည်။ ထိုရိုးရာ အိမ်ကြီးသဏ္ဍာန် စားသောက်ဆိုင်၏ အလယ်ဗဟိုတွင်ရှိသော လှပစွာပေါင်းသင်စိုက်ပျိုးထားသည့် ဥယျာဥ်ငယ်တစ်ခုကို ဖြတ်လျှောက်လာပြီးနောက် တိတ်ဆိတ်ငြိမ်သက်သော အခန်းငယ်လေးတစ်ခုအရှေ့ ထိုမိန်းမလှလေး၏ ခြေလှမ်းအစုံရပ်တန့်သွားသည်။

မှောင်ရီစပျိုးနေသော အမှောင်ထုညကို လှပစွာ ပုံဖော်ထားသော မီးအိမ်၊ မီးလုံးများဖြင့် အလင်းဆောင်နေသည်။ အနက်ရောင် ဒူးဖုံးဂါဝန်နှင့် မျက်နှာထက်တွင် ခြယ်သထားသော မိတ်ကပ်ပါးပါးသည် လိုက်ဖက်လျက်ရှိသည်။ ထိုမိန်းမလှလေးသည် အခန်းရှေ့တွင် သူမအားရပ်စောင့်နေသော ကောင်လေးကို စကားတစ်ခွန်းမေးလိုက်သည်။

"ဒယ်ဒီရော....?"

ထိုမိန်းမလှလေးစကားကို ရပ်စောင့်နေသော ယောကျာ်းက ခေါင်းငုံ့အရိုသေပေးလျက်
"မမလေးမရောက်ခင်တည်းက ပြန်သွားပါပြီ..."

ဒယ်ဒီ့ မန်နေဂျာဖြစ်သော သူပြောလာသော စကားကြောင့် မေ့လက်တွင်ကိုင်ထားသော ပိုက်ဆံအိတ်ကို အားစိုက်ညှစ်မိသွားသည်။
"ကောင်းပြီ!...နင်သွားလို့ရပြီ!"

"ဟုတ်ကဲ့!"
မေအမိန့်ပေးလိုက်သည်နှင့် အရိုသေပြုကာ မေ့အနားထားမှထွက်သွားသည်။ လာတုန်းကတော့ ရူးရူးမိုက်မိုက်နဲ့ မျှော်လင့်ချက်ငယ်တစ်ခု ကိုင်စွဲခဲ့ပါတယ်။ မဖြစ်နိုင်မှန်းဆိုတာသိရက်နဲ့ပေါ့.....။
'ဒယ်ဒီ သိပ်ရက်စက်တယ်....'
ဆိုသော်စကားကို မေ့ရင်ထဲမှ အကြိမ်ကြိမ်အော်ဟစ်နေမိသည်။ ထိုနောက် ချိုသာသောအပြုံးတစ်ခုကို လုပ်ယူဖန်တီးကာ မျက်စိရှေ့တွင် ရှိသော ရိုးရာအခန်းငယ် တံခါးကို လက်နှစ်ဖက်ဖြင့် အသာဆွဲဖွင့်လိုက်သည်။

My roomate (ကျွန်တော့ရဲ့အခန်းဖော်)Where stories live. Discover now