Chapter-2

79 8 0
                                    

My Roomate(ကျွန်တော့ရဲ့အခန်းဖော်လေး)
Ch-2

"မေမေ ...သားရေခဲမုန့်သွားစားမယ်''
"ဟဲ့သား..ရေခဲမုန့်တွေအရမ်းမစားနဲ့လေ''
ဒေါ်နှင်းမူယာပြောချိန်မရသားဖြစ်သူကခြံပြင်ပြေးထွက်သွားလေပြီ။
ဒီနေ့။...
ရင်ခွင်နန်းနှင့်သူချိန်းထားသည်။
"နန်းနင်ကလဲနောက်ကျလိုက်တာဟာ''
နောက်ကျမှလာသောနန်းကိုသူအပြစ်တင်လေပြီ
"ငါ့အမေကိုဝိုင်းကူနေလို့ပါ စိတ်မဆိုးပါနဲ့..''
နန်းပြောတော့
"ပြောလိုက်ရင်ဆင်ခြေကြီးပဲ''
နန်းကရယ်ကျဲကျဲဖြင့်
"ဟယ်ဟယ် ဒါနဲ့ငါမှာထားတာရောပါလား''
"ပါတယ်''
သူ့ဘောင်းဘီအိတ်ကပ်ထဲမှထုတ်လိုက်သောရောင်စုံခဲတံကျိုး​သုံးလေးချောင်း..
"တကယ်ပဲပါတာကိုးနင်ကဒါမျိုးကျလိမ္မာသားပဲစိုင်း''
ထိုအခါစိုင်းက
"နင်လိုချင်တာရှိရင် မျက်နှာကဖြဲပြီးလေချိုသွေးနေလိုက်တာ''
သူမဒီလိုပြုံးနေတာကိုသူတစ်သက်လုံးမြင်ချင်မိသည်။ဒီလိုပြုံးမို့အတွက်သူခဲတံအကောင်းလေးတွေကိုအစုတ်ဖြစ်အောင်သူလုပ်ခဲ့သည်။အကောင်းပေးရင်တစ်ခုမှမယူလို့ပါ
"နန်း နင်ဒါတွေကိုဘယ်လိုသုံးမလဲကျိုးနေတာကို''
"ဟင်ငါ့အမေကပျက်နေတဲ့ပစ္စည်းလေးတွေကိုပြန်ပြင်သုံးတတ်တယ်..ငါတို့အိမ်ကပစ္စည်းတွေကိုဝယ်မသုံးနိုင်ဘူးဒါကြောင့်သူများတွေလွှင့်ပစ်တဲ့စွန့်ပစ်ပစ္စည်းတွေကိုပြန်ပြင်သုံးရတယ်
နောက်ဆိုနင့်အိမ်ကလွှင့်ပစ်မယ့်ပစ္စည်းတွေကိုငါ့ကိုပေးနော် ငါယူမယ်''
နန်းကပွစိပွစိနှင့်
"လွှင့်ပစ်မယ့်ပစ္စည်းတွေကိုနင့်ကိုပေးရအောင်နင်ကအမှိုက်ပုံးမို့လား''
နန်းက
"ဟင်နင်ဘာပြောလိုက်တာလဲမကြားလိုက်ဖူး''
"ဘာမှမဟုတ်ဖူး''
သူဗြောင်ငြင်းလိုက်သည်။
ထိုစဥ်နန်းက
"စိုင်းမာန်ခမ်း ဟိုမှာကြည့်စမ်း ဘောလုံး​လေး
တွေလှလိုက်တာ''
နန်းညွှန်ပြရာကိုသူကြည့်လိုက်မိသည်။နှစ်ချို့ကုက္ကိုပင်ကြီးအပင်ထိပ်ဖျားများလွင့်တက်လာတဲ့ရောင်စုံဘောလုံးလေးတွေ
"ဒီမှာပွဲရှိလားမသိဘူး..သွားကြည့်ကြမလား''
စိုင်းပြောတော့နန်းက
"ဟင်အဝေးကြီးလားမသိဖူး ငါ့အမေကအဝေးမသွားနဲ့လို့မှာထားတယ်''
"ဟာနင်ကလဲနင်အဝေးကြီးသွားတာနင့်အမေမြင်လို့လားနင့်အမေကအိမ်မှာမလား''
စိုင်းပြောသည်ကိုနန်းသဘောပေါက်ကာ
"အေဟုတ်သားပဲနင်ပြောတာလည်းမှန်သား''
"လာသွားမယ်''
စိုင်းကနန်းလက်ကိုဆွဲကာမြက်ခင်းစိမ်းပေါ်ပြေးကာ​ဘောလုံးများရှိရာကိုခေါ်သွားသည်။
ဓာတ်ပုံပြခန်းဖွင့်ပွဲဖြစ်သည်။ရပ်ကွက်ထဲကကလေးရောလူကြီးရောထူးထူးဆန်းဆန်းထိုမြင်ကွင်းကြီးကိုကြည့်နေကြသည်။နန်းတို့လည်းကုက္ကိုပင်ကြီးအနောက်မှချောင်းနေကြသည်။

My roomate (ကျွန်တော့ရဲ့အခန်းဖော်)Where stories live. Discover now