Chapter-18

21 8 0
                                    

My roomate (ကျွန်တော့ရဲ့အခန်းဖော်)

"ဖြန်း!"

ပါးပေါ်သို့အရှိန်ပြင်းစွာ ကျရောက်လာသောရိုက်ချက်တစ်ခု။ ဖျင်းခနဲခံစားရမှုနှင့် နားတစ်ဖက်တွင်အသံများဆူဝေသွါးရသည်။ လည်ထွက်သွားသော မျက်နှာကိုတည့်တည့်လှည့်ပြီး ကိုယ်နေကိုယ်ထားပြင်ကာ ရန့်ဘေးတွင်ဒူးထောင်နေသော ရောင်နီ့ကိုကြည့်မိသည်။ ရောင်နီကရန့်ထက်ပင်အခြေနေဆိုးနေသည်။ အဖိုးရဲ့ရိုက်နှက်မှုကြောင့်ထင်၏။မျက်နှာမှာဖူးရောင်နေပြီး နဂိုရုပ်ကိုပင်ဖမ်းယူရသည်။ ကိုယ့်ကိုယ်ကိုအပြစ်တင်စိတ်နဲ့ ရန်မျက်လွှာချကာ ခေါင်းကိုကျိုးမတတ်ငုံ့ထားမိသည်။

"မျက်နှာမော့ထား ရန်နိုင်သူ....ငါ့အရိပ်အာဝါသအောက်မှာနေပြီး အစွယ်ကျိုးနေတဲ့မြွေတစ်ကောင်လို လုပ်မနေနဲ့"

အပြစ်တင်စကားတွေနှင့် အမိန့်ပေးလါသောအဖိုးကို ရန်ခေါင်းမော့ကြည့်မိသည်။ ဒေါသကြောင့်ထင်၏ မျက်လုံးများနီရဲကာ ဖြူသောအသားရေကြောင့် မျက်နှာနီနေသည်မှာ သိသာလေသည်။ ရန့်ကိုစူးရဲသောအကြည့်ဖြင့်ကြည့်ကာ
"မင်းဖမ်းမိထားတဲ့ Dc group ကသူလျှိုကိုဘာလို့ ပြန်လွှတ်ပေးလိုက်တာလဲ?...ငါ့ကိုဖြေ"

ဒေါသကိုမျိုချကာ တည်ငြိမ်သောလေသံကို အတင်းလုပ်ယူကာပြောလာသောအဖိုးကိုကြည့်ရင်း
"ပြန်မလွှတ်ပေးပါဘူး....ကျွန်တော်သူ့ကိုခိုင်းထားတာရှိတယ်...သူ့ဆီကလိုချင်တာရပြီးရင် အကုန်အပြီးဖြတ်မှာပါ...."

"အပြီးဖြတ်မယ်....ဘယ်လိုဖြတ်မှာလဲ?...မင်းလုပ်နေကျ...ငါမသိအောင်...သတ်ဟန်ဆောင်ပြီး တစ်ဖက်လှည့်နဲ့အဲ့ကောင်တစ်မိသားစုလုံးကိုမင်းလွှတ်ပေးမှာမလား?"

အဖိုးပြောသောစကားကို ရန်မငြင်း။ မှန်သည်။ ဒါသည်ရန်လုပ်နေကျ နည်းလမ်းတစ်ခု။ အခြားရွေးချယ်စရာနည်းလမ်းတွေရှိရဲ့သားနဲ့ ဘာလို့သတ်ဖြတ်တဲ့နည်းလမ်းကိုရွေးရမှာလဲ?...ရန်စဥ်းစား၍မရချေ။

"ခုချက်ချင်းအဲ့ကောင်ကို ရှင်းလိုက်"

"ကျွန်တော်မလုပ်နိုင်ဘူး."

"ဖြန်း!.."

ပါးပြင်ပေါ်သို့ နောက်ထပ်တစ်ခေါက် ကျရောက်လာသော ရိုက်ချက်။ ဒီတစ်ခေါက်အရှိန်ပြင်းသည်မို့ ရန်နောက်သို့ပင်လဲကျသွားသည်။ တစ်ခါတစ်လေကျရင် ရန်တွေးမိသည်။ 'ငါယောကျာ်းလေးလို နေလိုက်သည်နှင့် ယောကျာ်းလုံးလုံးဖြစ်သွားသည်လား...အဖိုးက ငါမိန်းကလေးဆိုတာမေ့လျော့နေသည်လား...တမင်မေ့လျော့ထားသည်လား....?'ဟူ၍တွေးမိသည်။ လျှာမှငန်ကျိကျိအရသာရနေသောကြောင့် လက်ဖြင့်သတ်ကြည့်ရာ နှုတ်ခမ်းထောင့်ကွဲရာမှ ထွက်လာသော သွေးစတချို့ကို စမ်းမိသည်။

My roomate (ကျွန်တော့ရဲ့အခန်းဖော်)Where stories live. Discover now