My roomate(ကျွန်တော့ရဲ့အခန်းဖော်)
Ch-1''တီတီ....''
မန္တလေးမြို့ရဲ ညနေခင်းကျောင်းဆင်းချိန်မှာ ကားတွေနဲ့ ပိတ်ကျပ်လို့နေသည်။
ထိုထဲမှာမှ(၇)နှစ်အရွယ်ကောင်လေးတစ်ယောက်
''ဦးလေး...ကျွန်တော့ကိုချောကလက်ရေခဲမုန့်တစ်ခွက်''
''ရမယ်ကောင်လေး''
လမ်းထိပ်မှရေခဲမုန့်ဆိုင်တွင်ရေခဲမုန့်ဝယ်နေစဥ် ဘေးလမ်းဆင်းရဲသားရပ်ကွက်စုတ်စုတ်လေးရဲ့လမ်းကြားထဲမှကောင်မလေးတစ်ယောက်သူ့မြင်ကွင်းထဲသို့တိုးဝင်လာသည်......။
ထိုကောင်မလေးသည် ပန်းရောင်အခံပေါ်တွင် အဖြူရောင်အပွင့်လေး ရိုက်နှိပ်ထားသည့် နွမ်းပါးပါး ဒူးဖုံးဂါဝန်လေးကို ဝတ်ဆင်ထားကာ ခါးလယ်ထိရှည်သောဆံနွယ်လေးတွေကို နှစ်ခွကျစ်ထားသည်။ထိုရေခဲမုန့်ဆိုင်ထဲပြေးဝင်လာသောကောင်မလေးရဲ့ခြေနှစ်ဖက်မှာ ခြူလုံးလေးများတစ်ချွင်ချွင်နဲ့ လှုပ်ရှားကနေကြသည်....။
ထိုကောင်မလေးမှာသူနှင့်ရွယ်တူလောက်ရှိမည်...။
''ဦးလေးကြီး...သမီးကိုချောကလကလက် ရေခဲမုန့်တစ်ခွက်...''
''ရမယ်...ကလေးမ''
ဦးလေးကြီး ကဖြေရင်းကောင်လေးလက်ထဲသို့ရေခဲမုန့်လှမ်းပေးသည်။
ကောင်လေးကမယူဘဲ ရေခဲမုန့်ကိစိုက်ကြည့်ကာ...
''ဦးလေး...သူ့ကိုအရင်ပေးလိုက်ပါ..သူအလျင်လိုနေလားမသိဘူး...''
''ကလေးမ..ယူမလား''
ကောင်မလေးကခေါင်းညိတ်ကာ
''ဟုတ်...ယူမယ်''
ပြောရင်းကျွန်တော့ဘက်လှည့်ကာ
''ကေျးဇူးဘဲနော်..ငါအချိန်မရလို့..နောက်အခါကျရင် နင့်ကိုအရင်ပေးမယ်''
ကျွန်တော်ခေါင်းဘဲညိတ်ပြမိသည်။
ကောင်မလေးမှာတော့ရေခဲမုန့်အေးအေးကြီးကိုပါးစပ်ထဲအတင်းထိုးထည့်ကာ သူလာရာလမ်းကြားလေးထဲကိုပြန်ပြေးဝင်သွားသည်။#Pwintkhat pachi
~~Zawgyi~~