My roomate(ကျွန်တော့ရဲ့အတန်းဖော်လေး)
Ch-4
"မေမေ....နန်းဗိုက်ဆာတယ်..."
နန်းမျက်နှာငယ်လေးဖြင့် တဂွီဂွီမြည်နေသောဗိုက်ကိုဖိကာပြောလာသည်။
"သမီး...နန်း..ခဏလောက်သည်းခံဦးနော်..မေမေတို့ ဒီနားလေးမှာ လိုက်ကောက်ပြီးရင် သွားရောင်းလို့ရတဲ့ ပိုက်ဆံလေးနဲ့ မေမေတစ်ခုခုဝယ်ကျွေးပါ့မယ်...နော်"
မေမေပြောတော့ နန်းမျက်နှာရှုံမဲ့မဲ့ဖြင့်
"ဟုတ်"လို့သာပြောနိုင်တော့သည်။
နန်းဘဝက သူများကလေးတွေလို ပြည့်ပြည့်စုံစုံမနေရပေမဲ့ မေမေကတော့နန်းအပေါ်ဂရုစိုက်သည်။ စည်းစိမ်အရာမှာမပြည့်ဝပေမဲ့လို့ မေတ္တာအရာမှာ မေမေက အမေနေရာရောအဖေနေရာကပါ မေတ္တာအပြည့်အဝပေးသည်။...
နန်းဘဝမှာ အချစ်ရဆုံးနှင့် အရေးကြီးဆုံးလူသာမေးလျှင် မေမေနှင့်မာန်ခမ်းနှစ်ယောက်သာ.....။
"နန်း...သမီးဒီနားမှာစောင့်နေနော် မေမေမုန့်ဝယ်ပြီးပြန်လာခဲ့မယ်..."
"ဟုတ်"
မေမေက နန်းကိုအလှဆုံးပြုံးပြပြီး လမ်းတစ်ဖက်သို့ကူးဖို့ပြင်ချိန် ကားတစ်စီးမှ အရှိန်ဖြင့် မေမေ့ကိုယ်ကို ဖြတ်ကျူံးသွားသော သွေးပျက်ဖွယ်မြင်ကွင်းတစ်ခု နန်းရှေတွင်ဖြတ်ပြေးသွားသည်။
မျက်တောင်တစ်ခတ်စာအတွင်း ဖြစ်ပျက်သွားသည်မှာ ကြောက်မက်ဖွယ်အတိ။ ခန္ဓာကိုယ်တွင် သွေးအလိမ်းလိမ်းဖြင့် နန်းဆီသို့ကြည့်လာသော မေမေ့မျက်ဝန်းအစုံမှာ နန်းအတွက်စိတ်ပူခြင်းများ အပြည့်။
နန်းကြောက်လွန်းလို့ အသားတွေတစ်ဆတ်ဆတ်ပင်တုန်နေပြီ။ မေမေ့ဆီအော်ပြီးပြေးသွားချင်ပေမဲ့ အသံမှာ လည်ချောင်းတွင်း ပိတ်ဆို့နေပြီး ခြေလှမ်းများမှာလည်း ရှေ့သို့လှမ်းနေသည်မှာ မရွေ့နိူင်သလို...
နန်းနှုတ်ဖျားမှ မေမေဟုအကြိမ်ကြိမ်ခေါ်နေသော်လည်း အသံမှာအပြင်သို့မထွက်လာ....
နန်းအတွေးတွေယောက်ယက်ခက်ပြီး ခြေမကိုင်မိလက်မကိုင်မိဖြင့် တုန်ရီဝေဝါးကာ တဖြည်းဖြည်း မေမေ့ရဲ့သွေးပေနေသော ခန္ဓာကိုယ်နှင့် ပတ်ဝန်းကျင်မှ ဆူညံပွက်လောရိုက်နေသောအသံနှင့် ဝေးကွာကာ အမှောင်အတိဖုံးကျသွားတော့သည်....။#Pwintkhatpachi
~~Zawgyi~~
My roomate(ကြၽန္ေတာ့ရဲ႕အတန္းေဖာ္ေလး)
Ch-4
"ေမေမ....နန္းဗိုက္ဆာတယ္..."
နန္းမ်က္ႏွာငယ္ေလးျဖင့္ တဂြီဂြီျမည္ေနေသာဗိုက္ကိုဖိကာေျပာလာသည္။
"သမီး...နန္း..ခဏေလာက္သည္းခံဦးေနာ္..ေမေမတို႔ ဒီနားေလးမွာ လိုက္ေကာက္ၿပီးရင္ သြားေရာင္းလို႔ရတဲ့ ပိုက္ဆံေလးနဲ႕ ေမေမတစ္ခုခုဝယ္ေကြၽးပါ့မယ္...ေနာ္"
ေမေမေျပာေတာ့ နန္းမ်က္ႏွာရႈံမဲ့မဲ့ျဖင့္
"ဟုတ္"လို႔သာေျပာနိုင္ေတာ့သည္။
နန္းဘဝက သူမ်ားကေလးေတြလို ျပည့္ျပည့္စုံစုံမေနရေပမဲ့ ေမေမကေတာ့နန္းအေပၚဂ႐ုစိုက္သည္။ စည္းစိမ္အရာမွာမျပည့္ဝေပမဲ့လို႔ ေမတၱာအရာမွာ ေမေမက အေမေနရာေရာအေဖေနရာကပါ ေမတၱာအျပည့္အဝေပးသည္။...
နန္းဘဝမွာ အခ်စ္ရဆုံးႏွင့္ အေရးႀကီးဆုံးလူသာေမးလွ်င္ ေမေမႏွင့္မာန္ခမ္းႏွစ္ေယာက္သာ.....။
"နန္း...သမီးဒီနားမွာေစာင့္ေနေနာ္ ေမေမမုန့္ဝယ္ၿပီးျပန္လာခဲ့မယ္..."
"ဟုတ္"
ေမေမက နန္းကိုအလွဆုံးၿပဳံးျပၿပီး လမ္းတစ္ဖက္သို႔ကူးဖို႔ျပန္ခ်ိန္ ကားတစ္စီးမွ အရွိန္ျဖင့္ ေမေမ့ကိုယ္ကို ျဖတ္က်ဴံးသြားေသာ ေသြးပ်က္ဖြယ္ျမင္ကြင္းတစ္ခု နန္းေရွတြင္ျဖတ္ေျပးသြားသည္။
မ်က္ေတာင္တစ္ခတ္စာအတြင္း ျဖစ္ပ်က္သြားသည္မွာ ေၾကာက္မက္ဖြယ္အတိ။ ခႏၶာကိုယ္တြင္ ေသြးအလိမ္းလိမ္းျဖင့္ နန္းဆီသို႔ၾကည့္လာေသာ ေမေမ့မ်က္ဝန္းအစုံမွာ နန္းအတြက္စိတ္ပူျခင္းမ်ား အျပည့္။
နန္းေၾကာက္လြန္းလို႔ အသားေတြတစ္ဆတ္ဆတ္ပင္တူန္ေနၿပီ။ ေမေမ့ဆီေအာ္ၿပီးေျပးသြားခ်င္ေပမဲ့ အသံမွာ လည္ေခ်ာင္းတြင္း ပိတ္ဆို႔ေနၿပီး ေျခလွမ္းမ်ားမွာလည္း ေရွ႕သို႔လွမ္းေနသည္မွာ မေ႐ြ႕နိူင္သလို...
နန္းႏႈတ္ဖ်ားမွ ေမေမဟုအႀကိမ္ႀကိမ္ေခၚေနေသာ္လည္း အသံမွာအျပင္သို႔မထြက္လာ....
နန္းအေတြးေတြေယာက္ယက္ခက္ၿပီး ေျခမကိုင္မိလက္မကိုင္မိျဖင့္ တုန္ရီေဝဝါးကာ တျဖည္းျဖည္း ေမေမ့ရဲ႕ေသြးေပေနေသာ ခႏၶာကိုယ္ႏွင့္ ပတ္ဝန္းက်င္မွ ဆူညံပြက္ေလာရိုက္ေနေသာအသံႏွင့္ ေဝးကြာကာ အေမွာင္အတိဖုံးက်သြားေတာ့သည္...