Chapter-14

29 7 0
                                    

My roomate(ကျွန်တော့်ရဲ့အခန်းဖော်)

ရန် အခန်းသော့ကတ်ကိုကိုင်ကာ ထိုအခန်းဘက်သို့ပြန်လှည့်လိုက်သည်။ ထို့နောက် လူအရိပ်ခြေကြည့်ကာ လမ်းရှင်းသည်ဟုယူဆရမှ အသင့်ပါလာသော maskကိုတပ်လိုက်ကာ အခန်းသော့ဖွင့်ပြီးဝင်လိုက်သည်။ တရားမဝင်လုပ်ငန်းတွေကို တစ်ဖက်လက်နှင့်လုပ်ဆောင်နေသည့် သူပေမို့ Jamesဆိုသည့်လူအခန်းတွင် သေချာပေါက် လျို့ဝှက်ကင်မရာတပ်ထားပေလိမ့်မည်။

Vvipအခန်းမို့ထင်သည်။ အခန်းအပြင်ဆင်မှာ ထည်ထည်ဝါဝါနှင့် luxury ပစ္စည်းများအပြည့်။ ထို့နောက်ရန်၏ဦးတည်ချက်ဖြစ်သည့်ပစ္စည်းကိုရှာရန် ဖုံးကွယ်နိုင်သည့်နေရာမျိုးကို လိုက်ရှာမိသည်။ ရန် အတန်ကြာ နေရာစုံနီးပါး ရှာပြီးသည့်ချိန် ရန့်အကြည့်တွေကို ဆွဲဆောင်လိုက်သည့် နေရာတစ်ခု။ ရန်ခြေလှမ်းအမြန်ဖြင့် ထိုနေရာသို့လျှောက်လှမ်းသွားလိုက်သည်။ ရန်ထိုနေရာရှိပန်းချီကားကို အတန်ကြာစိုက်ကြည့်ပြီးမှ ဖြုတ်ယူလိုက်သည်။ ထင်သည့်အတိုင်းပင် ထိုပန်းချီကားနောက်တွင် ဖုံးကွယ်ထားသော password ခံထားသည့် နံရံကပ် မီးခံ​​သေတ္တာတစ်လုံးရှိနေသည်။

ရန် ထိုမီးခံသေတ္တာကို စူးစမ်းက password တစ်ခုရိုက်နှိပ်နေစဥ် ရန့်နားတွင်တပ်ထားသော နားကြားကိရိယာမှ စိုးရိမ်သံထွက်ပေါ်လာသည်။

"သခင်လေး!...Jamesသူ့အခန်းဘက်ကို ပြန်လာနေပါပြီ...သခင်လေးအမြန်ထွက်လာမှရတော့မယ်..."

"ဘာ!...ငါဝင်လာတာဘယ်လောက်ကြာပြီလို့လဲ?...မင်းတို့မတားထားဘူးလား"

"ကျွန်တော်တို့တားပါတယ်..မရတာပါ.."

"ကျစ်!...ဆင်ခြေတွေကြီးဘဲ"

ရန် စိတ်ရှုပ်ထွေးစွားညည်းညူနေစဥ် အခန်းတံခါးကို ဖွင့်၍ဝင်ရောက်ရန်ကြိုးစားနေသော တစ်စုံတစ်ယောက်ကြောင့် ရန်အကာကွယ်ယူကာ ပုန်းနေလိုက်သည်။

အခန်းထဲသို့ နက်မှောင်လက်နေသော အနောက်တိုင်းရှုးကို စီးထားသည့်လူတစ်ယောက် တစ်လှမ်းချင်းဝင်လာနေသည်။ ထိုစဥ် အခန်းတွင်းတိတ်ဆိတ်နေမှုကို ဖြိုခွင်းလိုက်သူတစ်ဦး....
"မင်းဒီထဲမှာရှိမှန်းငါသိတယ်...."

My roomate (ကျွန်တော့ရဲ့အခန်းဖော်)Where stories live. Discover now