Chapter-7

34 8 0
                                    

My roomate(ကျွန်တော့ရဲ့အခန်းဖော်)
Ch-7
"သခင်လေး..ဒီအိမ်ပါ"
ရောင်နီပြသည့်အိမ်ကြီးဆီသို့ 'ရန်'ကားထဲမှလှည့်ကြည့်မိသည်။
ခြံကျယ်ကြီးတွင်းမှ နှစ်ထပ်တိုက်အိမ်အိုတစ်လူံး။
"ပစ္စည်းတွေရော...ရောက်ပြီလား..."

"ပထမအသုတ်တော့ရောက်ပါပြီ...ဒုတိယအသုတ်က စျေးမြင့်ပြီး အရေးကြီးတဲ့အစားတွေပါလို့...ဖြေးဖြေးမှသယ်လာမယ်ပြောတယ်..."

"ဘယ်လောက်ကြာမှာလဲ.."

"ဒီအပတ်ထဲရောက်မှာပါ...သခင်လေး.."

'ရန်' ခေါင်းတစ်ချက်ညိတ်ပြီး ကားပေါ်မှဆင်းကာ..
"ဒါဆိုရှိတဲ့ပစ္စည်းဘဲ..အရင်စစ်ကြည့်ရအောင်"
ရောင်နီလည်းရန့်အနောက်ဆင်းလိုက်ရင်း
"ဟုတ်...သခင်လေး.."

ရောင်နီ....အဖိုးခန့်ထားတဲ့ လူယုံတစ်ယောက်။ရန်ကုန်မြို့မှာ ကြီးပြင်းလာသူမို့ ရန်ကုန်မြို့အကြောင်း နှံ့စပ်ကျွမ်းကျင်သူဖြစ်သည်။
အဖိုးရဲ့ ကျေးဇူးတရားတွေနဲ့ချည်နှောင်ပြီး လိုအပ်သလိုအသုံးချခံနေရတဲ့လူသားတစ်ဦး။ ပြောသာပြောတာ'ရန်'လည်း ရောင်နီ့လိုလူစားဘဲမလား အဖိုးခိုင်းတာဘယ်အရာမဆို တရားဝင်ဝင် မဝင်ဝင် ခေါင်းငုံ့လုပ်ပေးရသည်ဘဲ.....။ကွာခြားတာတစ်ခုကတော့ 'ရန်'ကသခင်လေးဆိုတဲ့ ဂုဏ်ပုဒ်နဲ့ အာဏာအနည်းငယ်ရနေခြင်းပေါ့...။

လွန်ခဲ့သော၃လခန့်က...............
စုံလင်စွာ စားပွဲအပြည့်တည်ခင်းထားသော ညစာစားပွဲတစ်ခု..။
စားပွဲတစ်ဖက်တစ်ချက်တွင် နေရာယူထားကြသော ယောကျာ်းလေး(၄)ယောက်နှင့် မိန်းကလေး(၁)ယောက်....စားပွဲထိပ်တွင်ထိုင်မည့် တစ်စုံတစ်ယောက်ကိုစောင့်ဆိုင်းနေကြသည်။
မကြာမီပင် 'ရန်' တို့နေထိုင်ရာဒေသတစ်ဝိုက်မှာ ချမ်းသာကြွယ်ဝမှုနှင့် ရက်စက်မှုကြောင့် ကျော်ကြားသော Davidဆိုသည့် အသက်(၇၀)အရွယ် ယောကျာ်းတစ်ယောက် တုတ်ကောက်တစ်ချောင်းကို ကိုင်စွဲကာ စားပွဲထိပ်ရှိနေရာတွင် ဝင်ထိုင်သည်။
ထိုသူသည် 'ရန်'၏ ကျေးဇူးရှင် မွေးစားအဖိုးဖြစ်သည်။
'ရန်' တို့နေထိုင်ရာ ဒီအိမ်တော်ကြီးမှာရှိသမျှ ကလေးအရွယ် လူပျို၊အပျိုအရွယ်အားလုံးနီးပါးမှာ အဖိုးရဲ့ မွေးစားမှုကြောင့် ရောက်လာကြသူတွေဖြစ်သည်။
'ရန်' ထမင်းကိုတစ်လုပ်ပြီးတစ်လုပ် မှန်မှန်စားရင်း အတွေးတွေ ဟိုဟိုဒီဒီရောက်နေစဥ်
"ရန်နိုင်သူနဲ့အံ့မင်းထင်...မင်းတို့နောက်သုံးလေးလဆို တက္ကသိုလ်စတက်ရတော့မှာမလား..."

My roomate (ကျွန်တော့ရဲ့အခန်းဖော်)Where stories live. Discover now