Extra - 7

7.7K 704 18
                                    

[ မလိုဘူး ကျေးဇူးတင်တယ် ]

ဒီနေ့က ကျစ်ဟောက်နဲ့အပြင်မှာချိန်းထားတယ်။ အိမ်ထဲမှာနေတဲ့သူအဖို့ အပြင်ထွက်ဖို့အတွက်အချိန်တော်တော်ယူလိုက်ရတယ်။

ပျင်းဖို့ကောင်းလိုက်တာ ‘︿’

ရှပ်လက်တိုဝတ်ထားတာကြောင့် လက်ဖျံတွေနေပူခံနေရတယ်။ အခုထိရောက်မလာနိုင်သေးတဲ့ ကျစ်ဟောက်ကို ကျိန်ဆဲပေးချင်စိတ်ကမိုးထိမြင့်မားနေတယ်။

အရိပ်ရတဲ့သစ်ပင်အောက်နေရင်း သတိရတဲ့သူဆီစာပို့လိုက်တယ်။

• ကျွန်တော်ဒီနေ့အပြင်သွားတယ် •

•  (o_O) •

ဒီအီမိုဂျီကဘာလဲ စိတ်မဝင်စားဘူးဆိုတဲ့သဘောလား ?

စာပြန်ရိုက်နေတဲ့အချိန် ကျစ်ဟောက်ကရောက်လာတယ်။
ဟောဟဲလိုက်နေတဲ့ပုံစံက ပြေးလာခဲ့ကြောင်းသက်သေထူလို့။

"ငါ့ကောင်ရာ နောက်ကျသွားတယ် "

" ဖြည်းဖြည်းပြော ပြောနေရင်းအသက်ထွက်သွားမယ် "

ဒူးခေါင်းပေါ်လက်တင်လို့ အမောဖြေနေတဲ့လူကိုစောင့်ဆိုင်းနေတယ်။

" ရပြီ ဟာကွာ တကယ် ငါကားမှားစီးမိသွားတာ "

" ဆိုင်ထဲဝင်ကြမယ် "

"မင်းအရင်ဝင်နှင့်တာမဟုတ်ဘူး"

"ဆိုင်ထဲသွားရအောင် "

ကောင်ချောလေးနှစ်ယောက်က ဟော့ပေါ့ဆိုင်ထဲဝင်လာတော့
အကုန်လုံးကခိုးကြည့်တစ်ဖုံ ၊ ပေါ်တင်တစ်ဖုံငေးကြတယ်။

" အစပ်တစ်ဝက် အချိုတစ်ဝက် "

"ဟုတ်ကဲ့ "

ကျစ်ဟောက်ကမှာပြီးတာနဲ့ ရေနွေးကိုငဲ့သောက်လိုက်တယ်။

"မင်းလည်းကျောင်းပြီးကတည်းကပျောက်နေတာ အဆက်အသွယ်တောင်မလုပ်ဘူး "

" ဖုန်းနံပါတ်မရှိလို့ "

ကျောင်းတက်တုန်းကခဏခဏဖုန်းဆက်ပြီး အကူအညီ​တောင်းတာကြတော့ရော ?

စကားပြောရင်အခုထိသွေးတက်ရတုန်း !!

" မင်းငါ့ကိုဟော့ပေါ့ကျွေးဖို့ခေါ်တာလား "

Daddy Villain & His owner Baby Boy [ COMPLETED ]Where stories live. Discover now