Episode - 14

10K 1.4K 73
                                    

[ အသက်သုံးဆယ်ကျော်အရွယ်ကအချစ်ကိုစတင်ဖို့အချိန်ကောင်းပဲ]

နေ့လည်စာစားဖို့ဆိုပြီး ဟော့ပေါ့ဆိုင်ကိုရောက်နေပေမဲ့လည်း ရိပေါ်စိတ်ထဲအိပ်မက်လိုထင်နေတုန်း။ အစပ်မစားနိုင်တဲ့သူ့အတွက် စဥ်းစားပြီး အချိုတစ်ဝက်အစပ်တစ်ဝက်မှာပေးထားသည်။

ရှောင်းကျန့်ကစားနေပေမဲ့ ရိပေါ်မှာတော့ ရှေ့ကလူ လူစားထိုးခံရတာလားဆိုပြီးတွေးနေလေသည်။ ပြန်ရောက်တကည်းကစကားသေချာမ​ပြောရသေးသလို အဆင်လည်းမပြေသေးပေ။

အဲ့ဒါဆိုအခုလိုကိုယ်တိုင်လာခေါ်ပြီး နေ့လည်စာပါကျွေးနေတယ်ဆိုတော့ ဆိုတော့။

"မင်းမစားဘူးလား "

"စားမှာ "

စိတ်ကောင်းနေတဲ့အချိန်လေးမပျက်စီးစေချင်တာကြောင့် အတွေးတွေကိုမောင်းထုတ်ကာအစားစားတော့သည်။

တိတ်ဆိတ်နေသည်ကိုမလိုလားသော ရှောင်းကျန့်ကစပြီးစကားစသည်။

"မင်း "

"အင်း "

ခေါင်းမဖော်တမ်းစားနေရင်းနဲ့မှမော့ကြည့်တော့ ပေနေတဲ့အဆီတစ်ချို့။ ရှောင်းကျန့်တစ်ရူးတောင်မသုံးပါဘဲ လက်လှမ်းကာဖြင့်ပေနေသော နှုတ်ခမ်းထောင့်စွန်းလေးကို သုတ်ပေးလိုက်သည်။

ကြောင်အနေသောရိပေါ်ကိုကြည့်ပြီးမှ မိမိကိုယ်ကိုသတိထားမိကာ လက်ကိုပြန်ရုတ်လို့တစ်ရူးနဲ့သုတ်လိုက်တော့သည်။

"ပေနေလို့ "

"အာ "

တစ်ရူးဖြင့်ပါးစပ်တစ်ခုလုံးသုတ်လိုက်ပြီး။

"ပေနေသေးလား "

"ရပြီ "

"ရှောင်းကျန့် ကျွန်တော့်ကိုလွမ်းလား"

"စားပြီးရင်ပြန်ရအောင် "

သူဘာစကားမှားသွားပြန်ပြီလဲ ငါမရှိတဲ့အချိန်တွေတုန်းက လွမ်းလားလို့မေးတာကို ဘာဖြစ်သွားတာလဲ။
ဆိုင်ထဲထွက်သွားသောလူနောက် ခေါင်းလေးကုတ်ပြီးလိုက်လာတယ်။

ကားပေါ်ရောက်တဲ့အခါ လာတုန်းကအခြေအနေနဲ့ကွဲပြားသွားလေသည်။

Daddy Villain & His owner Baby Boy [ COMPLETED ]Donde viven las historias. Descúbrelo ahora