[ ကျွန်တော်လည်းသဝန်တိုတတ်ပါတယ်။ ]
မသိချင်ယောင်ဆောင်နေတဲ့ရှောင်းကျန့်အား ရိပေါ်မိန့်မိန့်ကြီးကြည့်နေလေသည်။
"ပြောလေ "
ရွှတ်နောက်နောက်ပြောတဲ့အခါ ရှောင်းကျန့် သွေးတိုးလာရသည်။ ဘာလို့များ ယန်ခဲ့စကားကိုလက်ခံမိလဲစဥ်းစားမရ။
"သဝန်တိုရင်တိုတယ်ပေါ့ ပြော နားထောင်နေတယ်"
နားသို့လက်လေးကပ်ကာဖြင့် စကားစွင့်နေသောရိပေါ်ရဲ့ မျက်နှာအား စိတ်ရှိလက်ရှိကုတ်ဆွဲ မဟုတ်ဘူး ထိုးပစ်ချင်လိုက်တာ !!
မျက်တောင်အားတဖျတ်ဖျတ်ခတ်လို့ ကလူ၏မြူ၏နဲ့ မထိတထိစနေလေသည်။
SR HOTEL ကနေထွက်လာခဲ့ပြီး အေးဆေးစကားပြောလို့ရမယ့်နေရာသို့ ရောက်လာလေသည်။
ထိုနေရာက Yuan Dyansty City wall Relics ပန်းခြံ။နွေရာသီတွင်ကျင်းပလေ့ရှိသည့်
Haitanghuaxi (ဟိုင်ထန်ပန်းပွဲတော်)
(Chinese Flowering Crab-Apple River)
မကြာခင်လှပစွာပွင့်ဖူးလာတော့မည့် ဟိုင်ထန်ပန်းပင်သုံးထောင်ကျော်အလယ်တွင် နှစ်ကိုယ်တူလျောက်လှမ်းနေရင်း ရိပေါ်လိုက်စနေခြင်းဖြစ်သည်။နူးညံ့လှပပြီးကျက်သရေရှိသလို ချိုမြိန်သောရနံ့တွေထုံလွှမ်းသည့်
ပန်းတစ်မျိုးလည်းဖြစ်လေသည်။ထိုပန်းတွေအလယ် လှပသည့်ချစ်ခြင်းမေတ္တာရှိပါသော လူနှစ်ယောက်ဟာ တစ်ဦးကိုတစ်ဦးစနောက်နေခဲ့သည်။
"မင်းတော်လိုက်ရင်ကောင်းမယ်"
"ဝန်ခံလိုက်ရင်ပြီးနေပြီ မရှက်နဲ့ အချင်းချင်းတွေပဲ"
"မင်းနေခဲ့လိုက်တော့ "
ရှောင်းကျန့်ကရှေ့ကနေဆက်သွားတော့ ကျန်ခဲ့တဲ့ရိပေါ်က လိုက်လာပြီးမပြောမချင်းစနေလေသည်။
" ရှောင်းကျန့် "
"ငါ့နာမည်ကိုမခေါ်နဲ့ "
"လူအိုကြီးကလည်း "
"!!!!!!!"
အကျွေးခံရတော့မယ့်လက်သီးတစ်ချက်အား ဖမ်းလို့ နီးကပ်အောင်ဆွဲယူလိုက်သည်။
YOU ARE READING
Daddy Villain & His owner Baby Boy [ COMPLETED ]
Fanfiction• NOT TRANSLATION • This is Season 2 for Book-1 Adoption of Daddy Villain (ဗီလိန်ဖေဖေအားမွေးစားခြင်း )and Book - 2 Rebirth : Am I Not Dead Yet? "ကဲပြော ကျွန်တော့်ကိုတွေ့တော့မပျော်ဘူးလား" "မပျော်ဘူး " Unicode + Zawgyi Warning : When story is comple...