Episode - 30

8.4K 1.1K 29
                                    

BGM  : 我爱你 (Ayasa)

[ လူအိုကြီးကမဖလစ်တတ်ဘူးလို့ ဘယ်သူပြောလဲ ? ]

နေရတာသက်တောင့်သက်သာရှိပေမဲ့ ပူလောင်တယ်လို့ခံစားနေရတာကြောင့် စိတ်မသက်သာစွာနဲ့နိုးလာတော့ ပူလောင်ရတဲ့အကြောင်းအရင်းရဲ့တရားခံက သူ့ရင်ခွင်ထဲရှိနေသောဝက်ပေါက်စကြောင့်။

လှုပ်လိုက်တာနဲ့နိုးသွားမည်စိုးတာကြောင့် ပူနေလည်းသည်းခံကာနေနေလေသည်။

ရင်ခွင်ထဲရှိလူကိုကြည့်တော့ စနောက်တတ်ပြီးဂရုစိုက်တတ်တဲ့ကောင်လေးက  အခုကျကလေးတစ်ယောက်လို နှစ်ခြိုက်စွာအိပ်မောကျနေလေသည်။

တကယ်လည်းကလေးတစ်ယောက်ပါပဲ ငါကသာ ငါလည်းသိပ်ပြီးအသက်မကြီးသေးပါဘူး။

တစ်ခုခုကိုမေ့နေတယ်လို့ ဘာလို့ခံစားနေရတာပါလိမ့် ဒီနေ့ကစနေနေ့ ရုံးသွားစရာမလိုဘူးပဲ။

ထပ်ပြီးအိပ်ရင်ကောင်းမလား ထပဲထရတော့မလား အိပ်ရတာအရမ်းပူနေပြီ။ မသိမသာလေးလှည့်ထွက်မယ်လုပ်တော့ ခါးအားဖက်ထားသည့်လက်တွေကြောင့် နာကျင်သွားလေသည်။

"အာ့ "

ဖက်ထားတဲ့လက်တွေက မိမိဆီကထွက်တဲ့နာကျင်သံကြောင့် အနည်းငယ်ဖယ်ခွာသွားပြီး ခါးကိုနှိပ်နယ်ပေးနေလေသည်။

မျက်လုံးမှိတ်ထားလျက်ရှိနေသောသူအား ကြည့်လို့ စိတ်ထဲတစ်မျိုးတစ်မည်ခံစားသွားရသည်။

ဒါပေမဲ့ ဒီလိိုဖြစ်ရတာ ဝက်ပေါက်စလက်ချက်ပဲလေ ချစ်ကြောင်းကိုသိသည် ကိုယ်ကလည်းချစ်သည် သို့သော် သို့သော် ဒီကလေးကြောင့်အခုလိုဖြစ်နေရတာဆိုတော့ အသိစိတ်အရရှက်နေသည်ကို တားဆီးမရ။

လစ်ဟင်းနေသည့်ခြေထောက်ဖြင့်အိပ်နေသူအား ကန်ချလိုက်တော့သည်။

"ဘာဖြစ်တာလဲ ဘာဖြစ်တာလဲ "

အိပ်ချင်စိတ်မပြေသေးသော်လည်း အသံကြားသောကြောင့် ချက်ချင်းမျက်စိပွင့်ကာရှောင်းကျန့်ကိုစစ်ဆေးလေသည်။

"မင်းကုတင်ပေါ်ကပြုတ်ကျတာ "

"အော် "

အဲ့တော့မှနာကျင်သွားသည့်ကျောအား သတိထားမိတော့သည်။ အိပ်နေရင်းလှိမ့်တတ်တဲ့အကျင့်လည်းမရှိပါဘူး။ ဒါဆို တရားခံက။

Daddy Villain & His owner Baby Boy [ COMPLETED ]Donde viven las historias. Descúbrelo ahora