[ ရိပေါ် မင်းငိုနေတာလား ? - ၁ ]
Sam တို့ကလက်ထပ်ပြီးတစ်လအကြာမှာ US ကိုပြန်သွားခဲ့ကြတယ်။ နှလုံးသားချင်းထပ်တူကျသွားတဲ့ သူတို့နှစ်ယောက်ကတော့ ပေကျင်းဆီကိုပြန်လာခဲ့ကြတယ်။
သွားတုန်းကနဲ့မတူတဲ့လေထုအခြေအနေကို လူတိုင်းရိပ်မိကြတယ်။ အထူးသဖြင့်အိမ်ထိန်းဦးလေးကြီးပေါ့။
သူတို့ဖြတ်သန်းတဲ့ပုံစံကအရင်နဲ့မခြားနားပေမဲ့ တစ်မျိုးတစ်ဖုံတော့ပြောင်းလဲသွားတယ်။
ရှောင်းကျန့်ကအလုပ်သွားဖို့အတွက် အပေါ်ထပ်ကနေဆင်းလာတယ်။ မနက်စာပြင်နေတဲ့လူကိုတွေ့တော့ အရင်လိုအိုးတိုးအမ်းတန်းဖြစ်မနေဘဲ ခပ်တည်တည်နဲ့ခုံမှာဝင်ထိုင်တယ်။
မီးဖိုချောင်သုံးခါးစည်းဝတ်ထားတဲ့ ကျောပြင်ကျယ်ကို လက်ထောက်ပြီးစိုက်ကြည့်တယ်။ မိမိဘက်လှည့်လာရင်း စားဖို့အတွက်ပြင်ဆင်ပေးတဲ့အခါ လက်သူကြွယ်ထက်ရှိနေကြလက်စွပ်က ပျောက်ချင်းမလှပျောက်နေတယ်။
ဘေးနားလာတဲ့လူကိုမော့ကြည့်တော့ ပါးတစ်ဖက်ကငုံ့နမ်းခြင်းခံလိုက်ရတယ်။
အင်္ကျီဟသွားတဲ့အခါ လည်ပင်းထက်ရှိ ငွေရောင်ကြိုးလေးကပေါ်ထွက်လာတယ်။လည်ပင်းထက်ရှိဆွဲကြိုးမှာရှိနေတဲ့ လက်စွပ်ကိုမြင်မှ စိတ်ပြေသွားပြီးမနက်စာစားတယ်။
ဘာလို့လက်မှာမစွပ်တာလဲမေးတော့ ဟင်းချက်နေတဲ့အချိန်မို့လို့ပါတဲ့လေ။
ဖြေရှင်းချက်ပေးပြီးသားဖြစ်မှန်းသိပေမဲ့ သတိလက်လွတ်စိတ်ဆိုးနေမိတုန်း။
ကြည့်ရတာ အိုကြီးအိုမကငယ်ငယ်လေးကိုရထားတော့ ထားစရာနေရာမရှိတဲ့ပုံစံလိုဖြစ်နေပြီ။ အစာသွပ်အသားလုံးကို အားနဲ့ဖိကိုက်ဝါးစားမိတယ်။
အကိုရှီပြောတဲ့ နွားအိုမြက်နုကြိုက်ဆိုတဲ့စကားလို ဖြစ်နေပြီ။
ဒါပေမဲ့ငါ့ဘဝက မြက်ကပြန်စားတာခံရတဲ့နွားဘဝပါလေ (╥_╥)
"စားမကောင်းလို့လား မျက်နှာကရှုံ့တွနေတာပဲ "
ငါ့ကိုစားသွားတဲ့မြက်ပင်ကစကားပြောနေတယ် (-_-;)
"မဟုတ်ဘူး အလုပ်ကိစ္စတွေးမိလို့ "
![](https://img.wattpad.com/cover/244989622-288-k862693.jpg)
ESTÁS LEYENDO
Daddy Villain & His owner Baby Boy [ COMPLETED ]
Fanfic• NOT TRANSLATION • This is Season 2 for Book-1 Adoption of Daddy Villain (ဗီလိန်ဖေဖေအားမွေးစားခြင်း )and Book - 2 Rebirth : Am I Not Dead Yet? "ကဲပြော ကျွန်တော့်ကိုတွေ့တော့မပျော်ဘူးလား" "မပျော်ဘူး " Unicode + Zawgyi Warning : When story is comple...