[ မပွင့်လင်းသောခံစားချက်များ ]
ပတ်တီးအပြည့်နဲ့လက်တစ်ဖက်ကိုကြည့်ပြီး ရှောင်းကျန့် မျက်နှာမှောင်မည်းလာရသည်။ လက်တစ်ခုလုံးပတ်တီးစည်းရလောက်တဲ့အထိ ဒဏ်ရာမရပါဘူး။
တရားခံကိုကြည့်တော့ သူ့စားပွဲရှေ့တွင် နေ့လည်စာစားဖို့ပြင်နေသောရိပေါ်။ အသင့်ထည့်လာပုံရသောထမင်းဘူးအား အပူပေးပြီး အပူခံဘူးလေးထဲမှရေနွေးကြမ်းကိုငဲ့နေလေသည်။
"ရှောင်းကျန့်နေ့လည်စာစားရမဲ့အချိန်ရောက်နေပြီ"
စောနကအပြုအမူတွေကဘယ်ဆီရောက်သွားမှန်းမသိ။
"ရှောင်းကျန့် ကျွန်တော်လာခွံကျွေးရမှာလား "
"မလိုဘူး"
ဆုံလည်ထိုင်ခုံမှနေထလာပြီး ရိပေါ်ရှိတဲ့နေရာသို့ရောက်လာသည်။ ရည်ရွယ်ချက်ရှိရှိစည်းပေးလိုက်တဲ့ ပတ်တီးကိုမြင်ပြီး ပြုံးမိပေမဲ့ စက္ကန့်ဝက်မျှသာ။
မကျွမ်းကျင်တဲ့ဘယ်လက်အားအသုံးပြုလို့ ဇွန်းနဲ့စားလေသည်။ ပြင်ဆင်လာသည့်ရိုးရှင်းတဲ့ ပုဇွန်ထမင်းကြော်ကိုသာကျိန်ဆဲလိုက်တော့သည်။
ပုဇွန် နှင့် အသီးအရွက်များကို
ထမင်းဖြင့်အစပ်အဟပ်တည့်အောင်
ကျော်ချက်ထားသော်လည်း ထိုလူကအရွက်တွေကိုသိသိသာသာ ဖယ်စားနေတာကြောင့်
မိမိကပင်ယူလိုက်ပြီး ပုဇွန်တွေထည့်ပေးလိုက်တော့သည်။ထမင်းစားနေသည်မှာတစ်ဝက်တောင်မကျိုးသေးခင် အခန်းတံခါးခေါက်သံထွက်ပေါ်လာလေသည်။
ရှောင်းကျန့် သူခိုင်းထားတဲ့ကိစ္စကိုသတိရသွားတော့ ပါးစပ်သုတ်ကာဖြင့်ထသွားတော့သည်။ ရိပေါ်စိတ်ထဲမအီမလည်နဲ့ နေ့တိုင်းဒီလိုပဲလား ထမင်းတောင်မစားဘဲအလုပ်ပဲလုပ်နေတာလား။
ရိပေါ်ဝင်လာတဲ့
ယောကျာ်းလေးတစ်ယောက်နဲ့မိန်းကလေးနှစ်ယောက်ကို
မကျေမချမ်းနဲ့ကြည့်နေသည်။ တော်တော်နဲ့မပြီးတဲ့ပုံပေါက်နေတာကြောင့် အကုန်သိမ်းလိုက်တော့သည်။ သူတစ်ယောက်တည်းဆက်စားနေရင် အစာမကြေဖြစ်တော့မယ်။
![](https://img.wattpad.com/cover/244989622-288-k862693.jpg)
KAMU SEDANG MEMBACA
Daddy Villain & His owner Baby Boy [ COMPLETED ]
Fiksi Penggemar• NOT TRANSLATION • This is Season 2 for Book-1 Adoption of Daddy Villain (ဗီလိန်ဖေဖေအားမွေးစားခြင်း )and Book - 2 Rebirth : Am I Not Dead Yet? "ကဲပြော ကျွန်တော့်ကိုတွေ့တော့မပျော်ဘူးလား" "မပျော်ဘူး " Unicode + Zawgyi Warning : When story is comple...