[ စကိတ်စီးသင်ပေးမယ် သင်ခကအနမ်းတစ်ပွင့် ]
"ရှောင်းကျန့် "
"ရှောင်းကျန့် "
"ပါးပါးကျန့် "
"ရှောင်းပါးပါး"
"ပါးပါး "
"ရှောင်းကျန့် "
ဘယ်လိုခေါ်ခေါ််အဖက်လုပ်မခံရသော ရိပေါ်ထောင့်လေးနားကပ်လို့ ကုပ်ကုပ်လေးသွားထိုင်ကာ စကိတ်ဘုတ်တွေကိုကြည့်နေလေသည်။
အနားယူစေချင်လို့ ခေါ်သွားမလို့ကိုအဖက်လည်း အလုပ်မခံရဘူး။ ဒီမှာဆိုကားတွေနဲ့ ဆူညံတဲ့အသံတွေ လူမရူပ်တဲ့နေရာဆိုတာမရှိဘူး။ အနားမယူဘဲနေရတာကို ပျော်နေတာလားမသိဘူး။
ရှောင်းကျန့်အလုပ်ရူပ်ချင်ယောင်ဆောင်ကာ ဘယ်လိုခေါ်ခေါ် မထူးဘဲနေနေလေသည်။ မသိလျှင်နားကန်းနေသည့်အလား။
ရွာသွားမယ်ဆိုတော့ ဘယ်ကိုလဲမေးတော့။
"Samသိတယ် "
"ဘယ်နေရာလဲလို့"
"Samသိတယ် "
"ငါပြောတာ ဘယ်နေရာလဲလို့"
"Samသိပါတယ်ဆိုဗျာ"
"!!!"
မေးမရတော့ကတည်းက လျစ်လျူရူလိုက်ခြင်းဖြစ်သည်။
ပစ်ထားတာအတော်ကြာသွားလောက်မှ ဘာလုပ်နေလဲ ဆိုတာသိချင်တာကြောင့် ခြေသံလုံအောင်လှမ်းလာရင်း ချောင်းကြည့်တော့ စကိတ်စီးတဲ့ဗီဒီယိုတွေကို ကြည့်နေခြင်းဖြစ်သည်။
ဟုတ်သားပဲ ဝက်ပေါက်စကို စကိတ်ဝယ်ပေးဖို့ဆိုပြီးမှာထားတာ ရောက်လာပြီလားမသိဘူး။
"ဘော့စ် ဘော့စ်နာမည်နဲ့ပစ္စည်းရောက်နေလို့"
US Ultra Corp ကနေ Double Rocker skateboard type အမျိုးအစားကိုမှ အရောင်ကအစ
အသေအချာရွေးဝယ်ထားခြင်းဖြစ်သည်။ဘော့စ်နာမည်နဲ့ပစ္စည်းဆိုကတည်းက နောက်ပြန်လှည့်ကြည့်လာသောရိပေါ်က ရှောင်းကျန့်ပစ္စည်းကို ထုတ်နေတာမြင်တော့ ဘယ်သူပေးတာလဲ ဘယ်ကလဲ ဘာလုပ်ဖို့လဲ သိချင်သည့်မေးခွန်းများစွာနဲ့ထလာလေသည်။
KAMU SEDANG MEMBACA
Daddy Villain & His owner Baby Boy [ COMPLETED ]
Fiksi Penggemar• NOT TRANSLATION • This is Season 2 for Book-1 Adoption of Daddy Villain (ဗီလိန်ဖေဖေအားမွေးစားခြင်း )and Book - 2 Rebirth : Am I Not Dead Yet? "ကဲပြော ကျွန်တော့်ကိုတွေ့တော့မပျော်ဘူးလား" "မပျော်ဘူး " Unicode + Zawgyi Warning : When story is comple...