[ နေ့လည်စာအတူတူစားကြမလား။ ]
• လူတစ်ယောက်ကိုချစ်ဖို့ ဘာတွေလိုအပ်သလဲ •
• မိမိကိုချစ်လာစေမဲ့နည်းလမ်းအသွယ်သွယ် •
• ဂရုစိုက်နည်းအဖြာဖြာ •
ရုပ်တည်ကြီးနဲ့ search barမှာရှာနေသောစကားလုံးတွေ။
မချစ်ဘူးလို့ကြုံးဝါးထားပေမဲ့လည်း သူကငါ့ကိုပြန်မချစ်ရဘူးလို့မပြောဘူးလေ။
အရင်ကခံစားချက်ကတစ်မျိုး အခုကတစ်ဖုံ။ လူပဲလေ သူတော်စင်မှမဟုတ်တာ ခံစားချက်တွေကပြောင်းလဲတာပေါ့။အဟွတ် အဟွတ် !
အာ ရိပိုင်ယန်ပြောတာ ဒီလိုပတ်သတ်မှုက ဂေး ?
• What is Gay? •
စစဖတ်ချင်းအဆင်ပြေနေသေးသည်။ တစ်ကြောင်းပြီးတစ်ကြောင်းကျော်လွန်ကာ ဖတ်တာများသွားတဲ့အခါမှာတော့ ကွန်ပျူတာကိုလွှင့်ပစ်လိုက်တော့သည်။
ဝုန်း ! ခလွမ်း ~
အပြင်ဘက်စားပွဲတွင်ရှိသော ယန်ခဲ့မှာအထဲကအသံတွေကြောင့် ပြေးဝင်လာရသည်။
"ဘော့စ် ဘာဖြစ်လို့လဲ "
မျက်နှာကြီးရဲကာ နက်ခ်တိုင်အားဆွဲဖြုတ်နေသော ရှောင်းကျန့်ကိုတွေ့လေသည်။ ယန်ခဲ့ထင်သည်မှာ တစ်ခုခုကိုဒေါသထွက်နေတယ်လို့ တကယ်ကတော့။
မင်းမေ ဘယ်သူကအဲ့တာတွေရေးတာလဲ ရေးတဲ့လူလက်ကိုဖြတ်ပစ်ရမယ် !!
"ယန်ခဲ့ အခုချက်ချင်း "
မဟုတ်သေးဘူး ငါပြောလိုက်ရင်တစ်မျိုးထင်သွားလိမ့်မယ်။
ငါ့ရဲ့မြင့်မြတ်တဲ့သိက္ခာတွေရေစုန်မျောကုန်လိမ့်မယ်။"ဒါတွေရှင်းလိုက်"
"ဟုတ်ကဲ့ "
ပြန်မြင်မိတဲ့ပုံရိပ်တစ်ချို့နေရာမှာ သူနဲ့ရိပေါ်သာဆို
မိမိခေါင်းပေါ်ရှိအတွေးတွေကို လက်နဲ့ရမ်းပစ်လိုက်သည်။မဖြစ်နိုင်ဘူး လုံးဝမဖြစ်နိုင်ဘူး !!
အဲ့လောက်အချိန်တွေပေါနေရင်လည်း အလုပ်သာအာရုံစိုက်ပါဟ။
စိတ်ကိုထိန်း စိတ်ကိုထိန်း ရိုးရိုးသားသား ဖြူဖြူစင်စင် မေတ္တာသက်ဝင်တာ မေတ္တာသက်ဝင်တာ။
YOU ARE READING
Daddy Villain & His owner Baby Boy [ COMPLETED ]
Fanfiction• NOT TRANSLATION • This is Season 2 for Book-1 Adoption of Daddy Villain (ဗီလိန်ဖေဖေအားမွေးစားခြင်း )and Book - 2 Rebirth : Am I Not Dead Yet? "ကဲပြော ကျွန်တော့်ကိုတွေ့တော့မပျော်ဘူးလား" "မပျော်ဘူး " Unicode + Zawgyi Warning : When story is comple...