Episode - 19

10.4K 1.4K 59
                                    

[  ရည်းစားစကားပြောပြီးအဖြေမတောင်းခဲ့ဘူး ]

အတိအလင်းပြောကြားလာသည့် စကားများကြောင့် ရှောင်းကျန့်ဒေါသထွက်နေရင်းနဲ့မှငြိမ်ကျသွားရသည်။
ဘာလို့လိမ်ပြောခဲ့လဲ ထပ်ပြီးရောလိမ်ပြောဦးမှာလား။

"ငါ့ကိုလွှတ်"

ပြောသည့်စကားအားနားမထောင်ဘဲ လူအားမယုံသလိုကတိတွေတောင်း အမိန့်တွေပေးနေတာကြောင့် အရွဲ့တိုက်ချင်လာတော့သည်။

"ဟာ့ ငါ့စိတ်နဲ့ငါ သွားသွားမသွားသွားပေါ့"

"အဲ့ဒါခင်ဗျားအပြစ်ပဲ"

တစ်ဖက်သို့လွှဲထားသည့်မျက်နှာအား အားတင်းကာပြန်ကြည့်တော့ ညွှတ်ကိုင်းသွားတဲ့မျက်တောင်စိပ်တိုတိုလေးတွေကို အနီးကပ်မြင်လေရသည်။

ဝက်ပေါက်စရဲ့အသက်ရူသံက
သူ့ရဲ့မျက်နှာပေါ်ဖြတ်တိုက်လာသည်။
ထိကပ်လာတဲ့နှုတ်ခမ်းပါးရဲ့အတွေ့အထိမှာ လူက အသိစိတ်မဲ့သွားလေသည်။

ချုပ်ကိုင်ထားတဲ့လက်တွေကို အလန့်တကြားရုန်းတော့ပိုတိုးကာဖျစ်ညှစ်လို့။
ခေါင်းကိုတစ်ဖက်လှည့်လိုက်တော့ လက်တွေကမေးရိုးကိုဆုပ်ကိုင်လာလေသည်။

မိမိရဲ့အောက်နှုတ်ခမ်းပါးအားငုံ့ထွေးနေရင်းနဲ့မှ လျာလေးဖြင့်သပ်လိုက်တော့ ပိုပြီး​နောက်ဆုတ်သွားမိလေသည်။

နောက်ဘက်မှာရှောင်ပြေးစရာနေရာမရှိသလို နံရံပဲရှိနေလေရာ ထိုအနမ်းတွေကိုအလူးအလဲခံနေရတော့သည်။

အပေါ်နှုတ်ခမ်းပါးအားတစ်လှည့် အောက်နှုတ်ခမ်းပါးတစ်လှည့်နမ်းနေရင်းနဲ့မှ ခပ်ဖွဖွကိုက်လိုက်သောအခါ တင်းတင်းစေ့ထားသောနှုတ်ခမ်းမှာ  ယောင်ယမ်းကာဖွင့်ဟသွားမိလေသည်။

သားကောင်အားအလစ်ချောင်းနေသည့်မုဆိုးပမာ ထိုအခွင့်အရေးအားယူလို့ ခံတွင်းထဲတိုးဝင်လာတော့သည်။
လျာဖျားတွေအားသွယ်ယှက်ကာနမ်းနေရင်းနဲ့မှ ရှောင်းကျန့်ကိုက်ချလိုက်တော့သည်။

"ရှောင်းကျန့် နာတယ် "

နှုတ်ခမ်းအားလက်ခုံနဲ့သုတ်ပစ်လိုက်ပြီး ရှေ့ကလူကိုစူးစူးရဲရဲကြည့်သည်။
ရိပေါ်ထိုအကြည့်တွေကိုလည်းမမှုတော့ ဘယ်ကရလာမှန်းမသိတဲ့သတ္တိတွေနဲ့ ရှောင်းကျန့်ကိုထပ်နမ်းသည်။

Daddy Villain & His owner Baby Boy [ COMPLETED ]Donde viven las historias. Descúbrelo ahora