[ မင်းတစ်ယောက်တည်းရှိတဲ့ကိုယ့်ရဲ့နှလုံးသား - ၂ ]
ကိုယ်နဲ့ကွက်တိမကျတဲ့အင်္ကျီအား
ဝတ်ဆင်ထားသောကြောင့် အနည်းငယ်မြင်သာနေရတဲ့
တောင့်တင်းတဲ့ရင်ဘတ်ဖွေးဖွေး။ကောင်းမွန်စွာရနေတဲ့နေရောင်ခြည်အောက် အိပ်ရာခင်းတွေလှန်းနေသောရိပေါ်အား ရှောင်းကျန့် စာအုပ်ဖတ်နေရင်းမသိမသာကြည့်နေသည်။
အကြည့်ချင်းဆုံခိုက် စာအုပ်ကိုသာပြန်အာရုံစိုက်နေပေမဲ့ မျက်လုံးထဲမြင်နေသည်ကစာလုံးတွေမဟုတ်ပါဘဲ ချွေးတွေရွဲနစ်ကာ သူ့အပေါ်လှုပ်ရှားနေသောသန်မာသည့် ရင်ဘတ်တစ်စုံ ရပ်တန့်ဖို့တားတဲ့လက်တွေအားဆွဲယူကာ နမ်းရှိုက်ရင်း ကြည့်ကောင်းတဲ့မျက်နှာလေးကပဲ ဆွဲဆောင်မှုရှိတဲ့အသံတွေဖြင့် သူ့အားညကဖျားယောင်းခဲ့လေသည်။
ရှက်ဖို့ကောင်း မဟုတ်ဘူး အရှက်မရှိလိုက်တာ ဘာတွေတွေးနေတာလဲ !!!
စာအုပ်ထဲအာရုံစိုက်မရတော့ စိုက်ပျိုးထားတဲ့နှင်းဆီတွေအား ငေးကြည့်နေခိုက် ။
"ရွှတ် " (ပါးကိုနမ်းရင် ရွှတ်လို့မြည်သောအသံ)
"ကျွန်တော်ကျောင်းကိုခဏသွားရဦးမယ် ကားယူသွားပြီ မစောင့်ဘဲနေ့လည်စာစားထားနှင့် "
ဖျားယောင်းနေတဲ့ကောင်လေးက ထပ်ပြီးအနမ်းတွေဖြင့်မြူဆွယ်သွားပြန်လေသည်။
စိတ်တိုလိုက်တာ !!!
ရိပေါ်ထွက်သွားကတည်းက ထိုနေရာတွင်ထိုင်နေခဲ့သည်မှာ ဂန္ဓမာလက်ဖက်ရည်တွေအေးစက်သည့်အထိပင်။
"သခင်ကြီး နေ့လည်ဘက်နေကအရမ်းပူနေတာ အိမ်ထဲမှာနားနေပါလား"
"နောက်တစ်နာရီနှစ်နာရီလောက်ပဲဆက်နေရအောင် "
အဆုံးမသတ်ရသေးတဲ့စာအုပ်အား နေရောင်ပြင်းပြင်းအောက် ပြီးဆုံးသည်ထိဖတ်နေလေသည်။
မိမိကားဝယ်ပြီးတဲ့နေ့ပြီး နောက်တစ်နေ့ကစလို့ ထုတ်မမောင်းဘဲသိမ်းထားရလေသည်။ အကြောင်းရင်းမှာ ရှောင်းကျန့်လာကြိုသည်နှင့်တိုက်ဆိုင်သွားခြင်းကြောင့်ပင်။
VOCÊ ESTÁ LENDO
Daddy Villain & His owner Baby Boy [ COMPLETED ]
Fanfic• NOT TRANSLATION • This is Season 2 for Book-1 Adoption of Daddy Villain (ဗီလိန်ဖေဖေအားမွေးစားခြင်း )and Book - 2 Rebirth : Am I Not Dead Yet? "ကဲပြော ကျွန်တော့်ကိုတွေ့တော့မပျော်ဘူးလား" "မပျော်ဘူး " Unicode + Zawgyi Warning : When story is comple...