[ Original Papapa, I warned you.]
BGM : Tonight (Best You Ever Had) - John Legend ft. Ludacris
[ Tonight , Tonight's - 2 ]
နေရာစဥ်းစားနေရင်း အကျပ်ရိုက်လာတဲ့ရိပေါ် ။
"ရှောင်းကျန့် ကျွန်တော့်တို့အိမ်ပဲပြန်ကြမလား"
"မပြန်ဘူး"
တစ်ယောက်တည်းအတွေးများနေတဲ့ရှောင်းကျန့်က သူဘာဖြေလိုက်မှန်းမသိပေ။
ငါအရမ်းများအိုနေပြီလား။
ရှောင်းကျန့်ကအိမ်မပြန်ချင်တာ သူနဲ့အတူရှိချင်လို့လား။
နေဝင်သွားသည့်အချိန်ဖြစ်နေပြီး ရှောင်းကျန့်အိမ်ရောက်ဖို့ကလည်း တော်တော်လိုနေသေးရာ။
ရှောင်းကျန့်ကတောင်မပြန်ပါဘူးဆို ငါကဟိုတယ်ကိုသေချာရှာကမှာပေါ့။
နေရအဆင်ပြေစေမည့် သိပ်ပြီးလည်းတခမ်းတနားမဟုတ်သည့် ဟိုတယ်တစ်ခုကိုရှာတွေ့လေသည်။
"ရှောင်းကျန့် ရောက်ပြီ"
"ဘာလို့ဟိုတယ် ?"
"အိမ်ရောက်ဖို့ကလိုသေးတယ်လေ ပြီးတော့ကျွန်တော်အိပ်ချင်နေပြီ "
"ဒါဆိုငါမောင်းမယ် မင်းအိပ်လေ "
"မိုးချုပ်နေပြီ မမြင်မစမ်းနဲ့မောင်းရင်တိုက်မိမယ် လာပါ
ကျွန်တော်တို့အခန်းငှားကြမယ် "ဟိုတယ်ထဲရောက်လာသည့်နှစ်ယောက်။
"အခန်းနှစ်ခန်းပေးပါ"
"တစ်ခန်းပဲပေးပါ"
"ဘယ်နှစ်ခန်းယူမှာပါလဲ သေချာပြောပေးပါ"
"နှစ်ခန်း ! တစ်ခန်း ! "
"အကိုတို့ရှင့် အရင်ညှိနှိုင်းလိုက်ကြပါလား "
ရှောင်းကျန့်တို့နောက်မှရောက်လာသောလူနှစ်ယောက်ကနေ။
"မိန်းကလေး ကျွန်တော်တို့ကိုအခန်းနှစ်ခန်းလောက် "
"ဟုတ်ကဲ့ "
အခန်းသော့ပေးပြီးသည့်နောက် ရှောင်းကျန့်တို့ဘက်ကြည့်ကာဖြင့်။
"စိတ်မရှိပါနဲ့ အခန်းကတစ်ခန်းပဲကျန်ပါတော့တယ်"
"ရပါတယ် အဲ့တာပဲပေးပါ"
![](https://img.wattpad.com/cover/244989622-288-k862693.jpg)
KAMU SEDANG MEMBACA
Daddy Villain & His owner Baby Boy [ COMPLETED ]
Fiksi Penggemar• NOT TRANSLATION • This is Season 2 for Book-1 Adoption of Daddy Villain (ဗီလိန်ဖေဖေအားမွေးစားခြင်း )and Book - 2 Rebirth : Am I Not Dead Yet? "ကဲပြော ကျွန်တော့်ကိုတွေ့တော့မပျော်ဘူးလား" "မပျော်ဘူး " Unicode + Zawgyi Warning : When story is comple...